ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်းဖြင့် သဘာဝဘေးဒဏ်ခံရသော ကျေးရွာများ၏ လမ်း၊ တံတားများပြုပြင် အဆင့်မြှင့်တင် ပေးခဲ့ကြောင်းသိရသည်။
ဂျပန်နိုင်ငံ ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေဖြင့် ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး ရေးအပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၀)သန်းအနက် ကျေးလက်လမ်းများ အဆင့်မြှင့်တင် ခြင်းအတွက် အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်းကို အသုံးပြုခဲ့ကြောင်း သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျေးရွာတွေရဲ့ လိုအပ်ချက်တွေမှာ အသုံးပြုသွားခဲ့တယ်လို့သိရတယ်။ အနည်းဆုံး ကျေးရွာသုံးရွာလောက်ကို လိုအပ်တဲ့ အကူညီပေးဖို့ဖြစ်တယ် သဘာဝဘေး ဒဏ်နဲ့ ဆိုင်တဲ့ဟာဖြစ်ဖြစ် လမ်းနဲ့ ဆိုင်တာဖြစ်ဖြစ် ချင်းပြည်နယ် မြို့နယ်တစ်ခုကို သုံးရွာလောက်က ကျေးရွာတွေ ကိုအဆင့်မြှင့်မယ် ကျေးရွာတွေရွေးတာကတော့ အုပ်ချုပ်ရေးမှုးတွေက ရွေးချယ်တယ် နောက်ပြီး နဂိုစီမံကိန်းတွေမှာ မပါဘဲနဲ့ ကျန်နေတဲ့ ရွာသုံးရွာကို ရွေးသွားမယ်လို့ သိရတယ်”ဟုပြောသည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော ကိုမန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းပြည်နယ်အတွင်း မြေပြိုဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် အဆိုပါ သဘာဝဘေးကြောင့် ပျက်စီးသွားသော ကျေးလက်အခြေခံ အဆောက်အအုံများ၊ လမ်းများပြန်လည် ထူထောင်နိုင်ရန်အတွက် ကျေးလက်ဦးစီးဌာနမှ ADBထံအကူညီ တောင်းခံခဲ့ရာ ဂျပန်နိုင်ငံ ဆင်းရဲမှု လျော့ချရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀) သန်းထောက်ပံ့ကူညီပေးခဲ့သည်။
ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်းဖြင့် လမ်း၊ တံတားများကောင်းမွန်ရေး၊ ရေရရှိရေး၊ မီးရရှိရေးတို့ကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ငြခ်းဖြစ်ကြောင်းသိရသည်။







