မန္တလေးတက္ကသိုလ်တွင် ကျောင်းသားများဆန္ဒပြမှု ဒုဝန်ကြီး ဦးဆောင် စစ်ဆေးမည်

မန္တလေးတက္ကသိုလ်တွင် ကျောင်းသားများဆန္ဒပြမှု ဒုဝန်ကြီး ဦးဆောင် စစ်ဆေးမည်

မန္တလေးတက္ကသိုလ်တွင် Food Court ဖွင့်လှစ်မှုသည်  ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ကျောင်းသားများက ဆန္ဒထုတ်ဖော်နေသည့်အတွက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်သည့်အဖွဲ့မှ  စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့သည်။

စုံစမ်းရေးအဖွဲ့အနေဖြင့် စစ်ဆေးပေါ်ပေါက်ချက်များအပေါ် မူတည်ပြီး  ဝန်ထမ်း ဥပဒေ နည်းဥပဒေများအတိုင်း လုပ်ဆောင်သွားမည် ဟု  စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်   ဦးဝင်မော်ထွန်းက ပြောသည်။

“ ကျွန်တော်တို့ မနက်ဖြန်သွားစစ်မယ်ဆိုတာ သူတို့ ဒီလုပ်ငန်းကို ဘယ်လို အဆင့်အဆင့်ဆောင်ရွက်ထားလဲ။ ဆောင်ရွက်ချက်တွေသည် သမ္မတရုံး ညွှန်ကြားချက် နဲ့ ကိုက်သလား မကိုက်သလား ဆိုတာသွားပြီးစိစစ်မှာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂ရက်နေ့မှ  စတင်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ က ဦးဆောင်ကာ ကျောင်းသား၊ ကျောင်းသူ ၇ ဦး က စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒပြတောင်းဆိုသည့် ရက်ကြာမြင့်လာသည်နှင့်အမျှ ပူးပေါင်းပါဝင်လာသည့် ကျောင်းသားအင်အားမှာ တစ်ရာဝန်းကျင်အထိ ရှိလာခဲ့သည်။

“ကျွန်မတို့ကတော့ သူတို့ဘက်ကလာရောက် မဖြေရှင်း မဆွေးနွေးရင် ကျွန်မတို့ရဲ့ပန်းတိုင် မရောက်မချင်းတော့ အဆုံးထိ တိုက်ပွဲဝင်သွားမှာ” ဟု သပိတ်ကော်မတီအဖွဲ့ဝင် မယမင်းသူက မီဒီယာများကို ပြောသည်။

 နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားချက်နှင့်  တည်ဆဲဥပဒေများကိုဖောက်ဖျက်သည့်  ကျောင်း အုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူရန်၊ ပညာရေးဝန်ကြီးဌာနမှ ဘက်လိုက်သည့်  စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ်ကို အသုံးချ၍  ကိုယ်ကျိုးရှာသော ပါမောက္ခ အလိုမရှိ၊  ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင်  ပွင့်လင်းမြင်သာမှုရှိစွာ ချပြရေးနှင့် မှန်ကန်မျှတသော စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူပေးရေး စသည့်အချက်များကို  ကျောင်းသားများဘက်က တောင်းဆိုထားသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...