ရိဒ်ခေါဒါရ်ဒေသခံ ၈၀၀ ကျော် အိန္ဒိယကို ထပ်မံထွက်ပြေး

ရိဒ်ခေါဒါရ်ဒေသခံ ၈၀၀ ကျော် အိန္ဒိယကို ထပ်မံထွက်ပြေး

အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာ ဒေသခံလူဦးရေ ၈၀၀ ကျော်ဟာ  အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ပြီး  ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်ရှိနေတယ်လို့ မီဇိုရမ်ပြည်နယ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့Khawmawi ရိဒ်ခေါဒါရ်  မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် Khawmawi နဲ့ အနီးတစ်ဝိုက်ရှိ ဒေသခံ ပြည်သူတွေဟာ Zokhawthar လမ်းကြောင်းကနေတဆင့် မီဇိုရမ်ပြည်နယ်ဘက်ကို အစုလိုက်အပြုံလိုက် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေဟာ နယ်စပ်တစ်ဘက်ခြမ်းမှာရှိတဲ့ ၎င်းတို့ ဆွေမျိုးသားချင်းတွေထံ ခိုလှုံကြသလို ၎င်းတို့အတွက် လိုအပ်တဲ့ အစားအသောက်နဲ့ အမိုးအကာ ကူညီစောင့်ရှောက်မှုတွေကို ဒေသတွင်း အဖွဲ့အစည်းတွေက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ရေးအရ အချက်အခြာချတဲ့  ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့ သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယ - မြန်မာ နယ်စပ် လမ်း၊ ဖလမ်း - ဟားခါး လမ်းပိုင်းနဲ့ တွန်းဇံ ၊ ကျီခါးတို့ကို ပြန်လည် သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာနေတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ - မြန်မာနယ်စပ်  ကုန်သွယ်ရေးအတွက် အချက်အချာကျပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် နဲ့ နယ်စပ်ချင်းဆက်နွယ်နေတဲ့   ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ရက်နေ့ မှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...