စစ်ကိုင်း၊ အင်းတော်က စစ်တပ်အထိုင်စခန်းကို AA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်

စစ်ကိုင်း၊ အင်းတော်က စစ်တပ်အထိုင်စခန်းကို AA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စခန်းကို AA နှင့် မဟာမိတ်တပ်များက မေလ ၁၃ ရက် ညနေပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နာရီကျော်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကြောင်းနှစ်ကြောင်း ပေါင်းပြီး စခန်းချထားတာ။ အင်အားတော့ တစ်ရာကျော်လောက် ရှိပါတယ်။ ညနေ ၄ နာရီ ခွဲလောက်ကနေ စတင်တိုက်ခိုက်တာဖြစ်ပြီး ၆နာရီ ခွဲ ၇နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်။ နယ်မြေ ရှင်းလင်းရေးတော့ သေသေရှာရှာ မလုပ်သေးတဲ့အတွက်ကြောင့် အထိအခိုက်အကျအဆုံးကို သေချာမသိရသေးဘူး” ဟု ၎င်းက ပြောသည်။

နတ်မဟုတ်ကလေးရွာ အထိုင်စခန်းကို AA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ ကသာမြို့ကနေ စစ်ကြောင်းထိုးလာနေသဖြင့် မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်မည့် အခြေအနေရှိနေကြောင်းလည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“နတ်မဟုတ်ကလေးကျေးရွာကို အပြီးအသတ်တော့ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နယ်မြေရှင်းလင်းရေး လုပ်ချိန် မရလိုက်ဘူး။ မနက်မိုးလင်းတာနဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတယ်။ အခုလည်း တိုက်ပွဲက မပြီးသေးတဲ့ အခြေအနေလို့ ပြောရမယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက် ထီးချိုင့်မြို့ကနေ ကသာမြို့ဘက်သို့ ဦးတည်လာသည့် စစ်ကြောင်းကို AA နှင့် မဟာမိတ်တပ်များက ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

လက်ရှိ စစ်ကိုင်းတိုင် အာဏာသိမ်းစစ်တပ်နှင့် KIA၊ AA မဟာမိတ်တပ်တို့ကြား နယ်မြေအနှံ့ တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း တိုးမြှင့်လုပ်လာနေသည်။

တော်လှန်ရေးတပ်များသိမ်းပိုက်ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် ကသာမြို့တို့ကို ယခုနှစ် မတ်လနှင့် ဧပြီလတွင် စစ်တပ်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ပြန်လည် ထိန်းချုပ်ထားသည်။

လက်ရှိ တိုက်ပွဲများရှိနေသည့် အင်းတော်မြို့နယ်ထဲမှ နတ်မဟုတ်ကျေးရွာအုပ်စုရှိ နတ်မဟုတ်ကလေး၊ နတ်မဟုတ်ကြီး၊ ကမ်းနီ၊ ကရင်၊ ကုန်းခါး၊ ကူးကာနှင့် ကူးဆိပ်စသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာတိမ်းရှောင် နေကြသည်။

August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...