မော်နွမ်းကျေးရွာမီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများ ရှုတ်ချ

မော်နွမ်းကျေးရွာမီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများ ရှုတ်ချ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး လူမျိုး များနေထိုင်သည့် မော်နွမ်း(Molnol)  ကျေးရွာအား မီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း မေလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

မေလ (၁၂) ရက်နေ့တွင် မော်နွမ်း(Molnoi)  ကျေးရွာအား အိန္ဒိယနိုင်ငံခွဲထွက်၊ နာဂလက်နက်ကိုင် NSCN-IM အဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ လူနေအိမ် (၁၃) လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ NSCN-IM ၏ လုပ်ရပ်သည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Ukhul ခရိုင်၊ Litan ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် အရက်သေစာ သောက်စားမှုးယစ်နေသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သော လူမျိုး စု နှစ်စုအ ကြားဖြစ်ပွားသည့် အခြေအနေအားအခြေပြုကာ မြန်မာပြည်တွင် နေထိုင်သည့် ကူကီးကျေး ရွာများအား  ပစ်မှတ်ထားလုပ်ဆောင်မှုဖြစ် သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးက ဆိုသည်။ 

ယင်းသည် ဒေသအတွင်းအတူယှဉ် တွဲနေထိုင်သည့် လူမျိုးစုနှစ်စု အ ကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည် နယ်တွင် ဖြစ်ပွားသည့် ပြဿနာအား မြန်မာနိုင်ငံ အထိ ပြန့်ပွားစေရန် မီးမွေးခြင်း ဖြစ် ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်ဟု ဖော်ပြသည်။ 

ကူကီးလူမျိုးများနှင့် နာဂလူမျိုးများသည် မြန်မာနိုင်ငံတွင်ဖြစ်စေ အိန္ဒိယနိုင်ငံတွင်ဖြစ်စေ တစ်ဆက် တည်း အတူအတွယှဉ်တွဲနေထိုင်ကြသည့် လူမျိုးများဖြစ်ပြီး နေ့တဓူဝ ကူးလူးဆက်ဆံလျက် ရှိနေကြသည့် လူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။ 

နာဂလက်နက်ကိုင် NSCN-IM အဖွဲ့၏ လုပ်ရပ်သည် ဒေသအတွင်းတည်ငြိမ်မှုအား ပျက်ပြား စေသည့်အပြင် လူမျိုးရေးပဋိပက္ခဖြစ်ပေါ်လာရန် ရည်ရွယ်လုပ်ဆောင်နေခြင်းသက်သက်ဖြစ်သောကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးကပြောသည်။ 

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးအနေဖြင့် မည်သည့် လက်နက်ကိုင် တပ်များမဆို အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား ထိခိုက်ပျက်စီးအောင် လုပ်ဆောင် နေမှုများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...
May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...