လူမှုကွန်ရက်တွင် တပ်မတော်အပေါ် ဝေဖန်စာများရေးသားခဲ့သော သံဃာတစ်ပါး အမှုဖွင့်ခံရ

လူမှုကွန်ရက်တွင် တပ်မတော်အပေါ် ဝေဖန်စာများရေးသားခဲ့သော သံဃာတစ်ပါး အမှုဖွင့်ခံရ

လူမှုကွန်ရက်တွင် တပ်မတော်အပေါ် ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၌ ပါဝင်ခဲ့သည့် ဆရာတော်ဦးစိန္တိတကို တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါအမှုကို တပ်မတော်အမှတ် (၂) ပင်မ(လျှပ်စစ်)တပ်မှ ဒုဗိုလ်မှူးကြီးသန့်ဇော်ဦးက တရားလိုပြုလုပ်၍ တပ်မတော်သားများ၏ ဂုဏ်သရေကို ပျက်စေရန် ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် စက်တင်ဘာလ ၅ ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်သည်။

"အကြောင်းကြားလာတာတော့မရှိသေးဘူး။အမှုကို ရင်ဆိုင်သွားမှာပါ။"ဟု ဆရာတော် ဦးစိန္တိတ က မိန့်ကြားသည်။

ဆရာတော် ဦးစိန္တိတသည် Van Sein Tita အမည်ဖြင့် အသုံးပြုသည် ဖေ့စ်ဘွတ်ခ်အကောင့်တွင် မတ်လမှ မေလအထိ သုံးလအတွင်း စစ်တပ်ခေါင်းဆောင်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် လူလို့ သတ်မှတ်ထားသူတွေကော ဟုတ်ကြရဲ့လား မေးကြည့်တာပါ ဟူ၍လည်းကောင်း ၊ တပ်မတော်သား ထိပ်ပိုင်းကြီးတွေကိုယ်၌က တပ်မ တော်ကြီးကို အသုံးချ မတရားလုပ်နေကြလို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို နားမလည်နိုင်ကြတော့ဘူး ဟူ၍ လည်းကောင်း တပ်မတော်နှင့် ပတ်သက်သည့် စာများကို ရေးသား ဖြန့်ဝေ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အမရပူရပူရမြို့နယ် အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်စစ်)တပ်မှ အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦး သည် ပြီးခဲ့သည့် မေလအတွင်းကလည်း ရွှေဝါရောင်ဆရာတော် ဦးစိန္တိတအား အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ဖူးသူဖြစ်သည်။ သို့သော် အဆိုပါ ဦးတိုက်လျှောက်ထားတရားစွဲဆိုမူအပေါ် ပြည်ကြီး တံခွန်မြို့နယ် တရားရုံးက လက်မခံဘဲ ဇူလိုင်(၂၃)ရက်တွင် ပ,လပ်ခဲ့သည်။

ထိုသို့ ပလပ်ခံရပြီးနောက် တစ်လခန့်အကြာတွင် ဆရာတော်ဦးစိန္တိတကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အရေးယူပေးရန် ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦးက ထပ်မံတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ဦးစိန္တိတသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်၊ မဟာဝိဇိတာရာမ ကျောင်းတိုက်၊ မလိခဝါဆိုကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...