မတူပီမြို့တွင် တစ်လအတွင်း ဆိုင်ကယ်အစီးတစ်ရာကျော်ပျောက်ဆုံးနေပြီး ဖမ်းမိသည့် တရားခံများမှာ အသက်မပြည့်သေးသဖြင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိ

မတူပီမြို့တွင် တစ်လအတွင်း ဆိုင်ကယ်အစီးတစ်ရာကျော်ပျောက်ဆုံးနေပြီး ဖမ်းမိသည့် တရားခံများမှာ အသက်မပြည့်သေးသဖြင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိ

မတူပီမြို့တွင် တစ်လအတွင်း ဆိုင်ကယ်အစီးတစ်ရာကျော် ပျောက်ဆုံးနေပြီး ဆိုင်ကယ်ခိုးသူများကိုလည်း ဒေသခံများမှ ဖမ်းဆီးမိသော်လည်း ဆိုင်ကယ်ခိုးသူများမှာ (၁၈)နှစ်မပြည့်သေးသောကြောင့် မတူပီရဲစခန်းမှ အရေးယူပေးဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

မတူပီ စည်ပင်ကော်မတီမှ U Hep Hop က “အခုလိုဆိုင်ကယ် တစ်စီးမက ပျောက်နေတာဟာ နယ်ထိန်းတွေ အားနည်း ဲချက်လို့မြင်တယ် နယ်ထိန်းတွေကို သတင်းပို့ရင်လည်း ဂရုမစိုက်ကြတော့ဘူး ပြီးတော့ စခန်းမှူးတွေ မြို့နယ်မှူးတွေက သူတို့လူတွေကို မထိန်းနိုင်လို့ အဲလိုဖြစ်တယ် သတင်းပို့ရင်လည်း ခိုးတဲ့လူက ၁၈နှစ်မပြည့်လို့ အရေးယူလို့မရဘူး ဆိုတာမျိုးတွေဖြစ်နေတယ်”ဟုပြောသည်။

မတူပီမြို့တွင် ဆိုင်ကယ်များ ပျောက်ဆုံးနေသော်လည်း မတူပီရဲစခန်းမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပြည်နယ်အစိုးရအနေဖြင့်လည်း ထိထိရောက်ရောရောက် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးပြောပြချက်အရ “ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ဒါကိုသေသေချာချာ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုနေပြီ ကျွန်တော်တို့ သုံးသပ်တာက နယ်ထိန်းတွေက ကုလားတွေဖြစ်တယ် သူတို့နဲ့ ခိုးတဲ့လူတွေက အောက်ပြည်က လူတွေများတဲ့ အခါကျတော့ သူတို့နဲ့ ပေါင်းသလိုဖြစ်နေတာ ဘယ်လိုကိုင်တွယ်မယ် ဆိုတာ စခန်းမှူးတွေကို သွားပြောလည်းမရဘူး မရဘူးဘဲပြောတယ် အခုကျွန်တော်တို့ဆီမှာ ဆိုင်ကယ် အစီးတစ်ရာကျော်ပျောက်နေပြီ ကျွန်တော်တို့လည်း ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနေရတယ်”ဟုပြောသည်။

မတူပီမြို့တွင် ဆိုင်ကယ်ခိုးသူများကိုလည်း လက်ပူးလက်ကျပ်မိသော်လည်း မတူပီရဲစခန်းမှ ဆိုင်ကယ်ခိုးသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

သူကဆက်ပြီး “လွှတ်တော်အမတ် ဦးအောင်လျန်းရဲ့ ဆိုင်ကယ်ခိုးတဲ့ သူကိုလည်း လက်ပူးလက်ကျပ်မိတယ် မိတဲ့အခါကျတော့ ကျွန်တော်တို့က တရားလိုလုပ်မယ် ဆိုတဲ့အခါကျတော့ ရဲတွေက သူတို့လုပ်မယ်လို့ပြောတယ် ရဲတွေက ကိုယ့်အချင်းချင်းလိုဖြစ်နေတော့ ဘာမှအလုပ်မဖြစ်ဘူး ကျွန်တော်တို့ဖက်ကတော့ တရားလိုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ် ပြည်နယ်အစိုးရအနေနဲ့ ကျွန်တော်တို့လိုချင်တာက ကျပ်ကျပ်မတ်မတ်တော့ ကိုင်တွယ်ပေးစေချင်တယ်”ဟုပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...