စစ်ရှောင်များ၏ ခံစားချက်ကို ဖော်ထုတ်သည့် ၃ ရက်ကြာဆန္ဒပြပွဲ စတင်ပြုလုပ်

စစ်ရှောင်များ၏ ခံစားချက်ကို ဖော်ထုတ်သည့် ၃ ရက်ကြာဆန္ဒပြပွဲ စတင်ပြုလုပ်

စစ်ရှောင်အရေးလှုပ်ရှားသူ ကချင်လူငယ်ခေါင်းဆောင် ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်သည့် တရားစီရင်မှုသည် မျှတမှုမရှိကြောင်း ကချင်လူငယ်များ၏ ၃ ရက်သာ ဆန္ဒဖော်ထုတ်ပွဲ ယနေ့ မြစ်ကြီးနားမြို့တွင် စတင်ပြုလုပ်ခဲ့ပါသည်။

ယနေ့ ပထမနေ့ အဖြစ် ဗိုလ်ချုပ်ကြေးရုပ်တု ပန်ခြံရှေ့၊ စက်တင်ဘာလ ၆ရက်နေ့တွင် MPT ဖုန်းရုံးရှေ့ နှင့် စက်တင်ဘာ ၉ ရက်နေ့တွင် မြို့နယ်တရားရုံးရှေ့ စသည့် ၃ နေရာတွင် ၃ ရက် ပြုလုပ်သွားရန် စီစဉ်နေကြကြောင်း ဦးဆောင်သူများထံမှ သိရပါသည်။

“စစ်ရှောင်တစ်ဦးအနေနဲ့ပြောရမယ်ဆိုရင် လက်ရှိအစိုးရကို အယုံအကြည်နည်းပါးလာတယ်။ အမြဲတမ်းဖိနိပ်နေတယ်လို့ မြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်လုပ်ဆောင်တဲ့တိုင်းမှာ သူတို့က တရားစွဲလိုက်။ ပြီးရင်ထောင်ချလိုက်။ ဒီလိုနဲ့ဘဲ လုပ်ဆောင်နေတယ်။ အဲ့ကြောင့် ရတဲ့နည်းလမ်းနဲ့ ဆန္ဒဖော်ထုတ်ရတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦး Nhkum La Nu (အင်ခွမ်လနူး) ပြောဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်သော လူငယ်များက ‘IDP များ၏ ဘဝမှန်တေးသရုပ်ဖော်ခြင်းအား ပြစ်ဒဏ်ပေးခြင်း မလိုမရှိ..အလိုမရှိ၊ စစ်ကိုမုန်းသည် ၊ ပြည်သူသည် စစ်၏ ဓားစာခံမဟုတ်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ရရှိရေး၊ မတရားသဖြင့်တရားစီရင်သော တရားသူကြီး အလိုမရှိ’ စသည့် စာတမ်းများကို ကိုင်ဆောင်ကာ လမ်းဘေးတွင် ကြွေးကြော်ခဲ့ကြပါသည်။

မြို့ပေါ်တွင် နေထိုင်နေသည့် ပြည်သူများအနေနဲ့လည်း စစ်ရှောင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို လစ်လျူရှု့နေပါက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိလာမည် မဟုတ်ကြောင်း အစီစဉ် ဦးဆောင်သူတစ်ဦး မဆွတ်ဆိုင်းထွယ် ကြွေးကြော် ပြောဆိုခဲ့သည်။

မြန်မာပြည်တွင် တပ်မတော်က ခရစ်ယာန်ဘာသာကိုးကွယ်မှုကို ဖိနှိပ်နေကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို သွားရောက်ပြောဆိုခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ သိက္ခာတော်ရ ဆရာဆမ်ဆွန်ကို အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို အကြောင်းပြန်မယ့် စက်တင်ဘာ ၉ ရက်နေ့ တွင် ကချင်လူငယ်များက တရားရုံးအနောက်ဘက်ခြမ်းတွင် ဆန္ဒဖော်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရပါသည်။

ကချင်စစ်ဘေး ၈ နှစ်ပြည့်အထိမ်းအမှတ်နေ့အဖြစ် ဇွန်လ ၉ ရက်နေ့တွင် စစ်ရှောင်လူငယ်များ၏ ရင်တွင်းဖြစ် တေးသရုပ်ဖော်တင်ဆက်မှုကို ပြုလုပ်ခဲ့ကြပြီး အဆိုပါ အစီစဉ်အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့်မတင်ခဲ့ဟု ဆိုကာ ဦးဆောင်သူ ကိုပေါလုနှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို မြစ်ကြီးနားမြို့နယ် ယာယီရဲမှူး မင်းသန့်ဇော် မှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခဲ့ခြင်း ဖြစ်ပါသည်။

ထို့နောက် ၃ လကြာ တရားစီရင်ခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်နေ့ အဆိုပါ လူငယ် ခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါသည်။

ယနေ့ စတင်ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုတွင် လူငယ်အင်အား ၅၀၀ ခန့် ပါဝင်နေသည်ကို တွေ့ရပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...