လာမည့်ဘတ်ဂျက်တွင် တိုင်းရင်းသားများ တောင်းဆိုသည့် ဘဏ္ဍာငွေ ရရှိအောင် ဆောင်ရွက်မည်ဟုဆို

လာမည့်ဘတ်ဂျက်တွင် တိုင်းရင်းသားများ တောင်းဆိုသည့် ဘဏ္ဍာငွေ ရရှိအောင် ဆောင်ရွက်မည်ဟုဆို

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မန္တလေးအခြေစိုက် တိုင်းရင်းသားများတောင်းဆိုထားသည့် ဘဏ္ဍာငွေ ရရှိအောင် ဆောင်ရွက်ပေးမည်ဟု မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများတောင်းဆိုထားသည့် ကျပ်သိန်းပေါင်း လေးထောင်ခန့်ကို ရရှိအောင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး သွားမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အခုလာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေတင်ထားတဲ့ ဘတ်ဂျက်က သိန်းလေးထောင်လောက်ရှိတယ်။အဲဒါကို ရအောင် ဝိုင်းပြီးမှအဲဒါ ကက်ပနက်မှာ ဆွေးနွေးတဲ့အချိန်မှာ အကျေ အလည်ဆွေးနွေးပါမယ်။"ဟု ဦးစိုင်းပန်းဆိုင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သည့် တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားလှုပ်ရှှားမှုများ အပြည့် အဝ လုပ်ဆောင်ရန်လိုအပ်ပြီး ထိုသို့လုပ်ဆောင်ရန်အတွက် တင်ပြသည့် ကုန်ကျငွေကို ဘတ်ဂျက်ထဲပါဝင် အောင် လုပ်ဆောင်ပေးမည်ဟု ဦးစိုင်းပန်းဆိုင်ကဆိုခဲ့သည်။

"တိုင်းရင်းသား အားလုံးကို နွေရာသီတင်မဟုတ်ပါဘူး။ကျန်တဲ့အချိန်တွေမှာလည်း ကျွန်တော်တို့ တိုင်းရင်းသား လှုပ်ရှားမှုလေးတွေကို အပြည့်အဝရှိစေချင်တယ်။တကယ်လည်းလုပ်တယ်ပေါ့နော်။တင်ပါ။ကျွန်တော် တတ်နိုင် သလောက် ဘတ်ဂျက်ထဲပါအောင် လုပ်ပေးမယ်။"ဟု ဦးစိုင်းပန်းဆိုင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ရှမ်း၊ ကရင် ၊လီဆူ၊ ပလောင်၊ ပအို့ဝ်၊ ကယန်း စသည့်တိုင်းရင်းသားများ အခြေချနေထိုင်လျက်ရှိကြောင်းသိရသည်။

 ထို့အပြင် တိုင်းရင်းသားများအနေဖြင့် စာပေ၊ယဉ်ကျေးမှုနှင့်ပတ်သက်၍ လိုအပ်သည့်အကူအညီများ ရယူ လိုပါက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနသို့ လာရောက်ဆက်သွယ်နိုင်ကြောင်းသိရသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...