မီဇိုရမ်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အကြား တိုက်ရိုက်လိုင်းဆွဲရန် မီဇိုရမ် အစိုးရစီစဉ်

မီဇိုရမ်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အကြား တိုက်ရိုက်လိုင်းဆွဲရန် မီဇိုရမ် အစိုးရစီစဉ်

အိန္ဒိယနိူင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Champhai မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သို့ တိုက်ရိုက်ကားလိုင်းဆွဲနိူင်ရန် နှစ်နိုင်ငံအစိုးရအကြားစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ဒေသအခြေစိုက် မီဒီယာများတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး Pu TJ Lalnuntluang က “ကျွန်တော်တို့ မီဖိုရမ်ပြည်နယ် နဲ့ ကလေးမြို့အကြာား လိုင်းကား တိုက်ရိုက်ဆွဲနိူင်ဖို့ မြန်မာအစိုးရကို တိုက်ရိုက်ဆက်သွယ်ထားတယ်၊ ပြီးတော့ ပြည်ထောင်စုအဆင့် ပြည်ပရေးရာ ဝန်ကြီးဌာနကိုလည်း ဆက်သွယ်ပြီးပြီ၊ သူတို့ကလည်း သဘောတူထားပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ပြောထားတယ်၊ ဒါကိုကျွန်တော်တို့ မြန်မြန်အကောင်ထည် ဖော်နိူင်မှ တစ်ဖက်က ကိုယ့်လူမျိုးတွေကို အလွယ်တကူဆက်သွယ်နိူင်မယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ပြည်ထောင်စုအဆင့် ပြည်ပရေးရာ ဝန်ကြီး Sushma Swaraj ကလည်း လိုအပ်တဲ့ land custom တွေအမြန်ဆုံးလုပ်ဖို့ပြောထားတယ်၊ နောက်ပြီး မြန်မာနိူင်ငံအခြေဆိုက်တဲ့ အိန္ဒိယသံအမတ်ကိုလည်း လိုအပ်သလို အစိုးဘက်ကို ပြောထားဖို့ ပြောထားတယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံဖက်ချိတ်ဆက်သည့် လမ်းကြောင်းအဖြစ် ဖလမ်းမြို့နယ် ရိခေါဒါရ်နယ်စပ်ဂိတ်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုလျက်ရှိသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...