ချင်းပြည်နယ်တွင် တစ်နှစ်အတွင်း သက်ငယ်မုဒိန်းမှု ၁၆မှုဖြစ်ပွားခဲ့ပြီး အများစုမှာ ဓလေ့ထုံးတမ်းအရ ကြေအေး

ချင်းပြည်နယ်တွင် တစ်နှစ်အတွင်း သက်ငယ်မုဒိန်းမှု ၁၆မှုဖြစ်ပွားခဲ့ပြီး အများစုမှာ ဓလေ့ထုံးတမ်းအရ ကြေအေး

ချင်းပြည်နယ်တွင် ၂၀၁၈ စက်တင်ဘာလမှ ၂၀၁၉ သြဂုတ်လအတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၁၆မှု ဖြစ်ပွားခဲ့သော်လည်း အများစုမှာ ဓလေ့ထုံးတမ်းအရ ကြေအေးကြကြောင်း KMSS- ချင်းပြည်နယ်ရုံး၏ စစ်တမ်းကောက်ချက်အရသိရသည်။

“ချင်းပြည်နယ်မှာ သက်ငယ်မုဒိမ်းမှုဖြစ်တာများနေပေမယ့် လူသိပ်မသိကြတဲ့ အဓိကအချက်တစ်ခုက ကျွန်တော်တို့ အတွေ့အကြုံအရ မုဒိမ်းအကျင့်ခံရတဲ့ ကလေးအများစုက မိဘနှင့်အတူ မနေတဲ့သူတွေများတယ်၊ အမျိုးအိမ်မှာဖြစ်ဖြစ်၊ အသိအိမ်မှာဖြစ်ဖြစ် နေတဲ့သူများတယ်၊ အဲဒီတော့ ချင်းဓလေ့ထုံးတမ်းအရ နွားနောက်ဘဲဖြစ်ဖြစ်၊ ဝက်တစ်ကောင်ဘဲဖြစ်ဖြစ်၊ ပိုက်ဆံ ၁၀သိန်းလောက်ဖြစ်ဖြစ် ပေးပြီးတော့ ကြေအေးသွားကြတယ်၊ အဲဒီတော့ ရဲကအမှုဖွင့်ချင်ရင်တောင်ဖွင့်လို့မရဘူး၊ အစိုးရစားရင်းမှာလည်း အမှုဖွင့်လို့ရတဲ့ သုံးမှုလောက်ဘဲ ရောက်သွားတယ်၊ ကျနော်တို့ဘက်ကလည်း လိုက်လံဆောင်ရွက်ပေးချင်ပေမယ့် ဆောင်ရွက်ပေးလို့မရဘူးဖြစ်နေတယ်” ဟု KMSS ချင်းပြည်နယ်ရုံးမှ စီမံကိန်းမန်နေဂျာ ဆလိုင်းဒေါ့သ်လျန်မှုန်းမှပြောသည်။

သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့သည့်နေရာများမှ ဟားခါးမြို့နယ်တွင် ၃ခု၊ မင်းတပ်မြို့နယ်တွင် ၄ခု၊ မတူပီမြို့နယ်တွင် ၃ခု၊ တွန်းဇံမြို့နယ်တွင် ၂ခု၊ တီးတိန်မြို့နယ်တွင် ၃ခု စုစုပေါင်း ၁၆မှုဖြစ်ပွားခဲ့ပြီး ၃ခုခန့်သာ အမှုဖွင့်အရေးယူခံရပြီး ကျန်သည့်အမှုများမှာ ဓလေ့ထုံးတမ်း ကြေအေးမှုအရသာ အမှုပြီးသွားကြကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှုများကို ကြေအေးပေးနေမှုနှင့် ပါတ်သတ်ပြီး ဆလိုင်းဒေါ့သ်လျန်မှုန်းမှ “ဒီလို ကြေအေးပေးနေတာကတော့ လုံးဝမကောင်းဘူး၊ ကျနော်တို့ ချင်းဓလေ့ထုံးစံအရ လူသတ်မှုတွေဆိုလည်း ကြေအေးပေးနေကြပေမယ့် ဒီဟာကတော့မတူဘူး၊ ပြီးတော့ ကြေအေးဖို့ လက်မခံတဲ့သူတွေဆိုရင် ပါစတာတွေကို ခေါ်ကြတယ်၊ အဲဒီတော့ မကြေအေးချင်ပေမယ့် ပါစတာတွေရဲ့ မျက်နှာနဲ့ ကြေအေးပေးလိုက်ရတယ်၊ အဲဒီတော့ မိဘဆွေမျိုးတွေက ကြေအေးပေးလိုက်ပေမယ့် အဲဒီကလေးရဲ့ ကျန်နေတဲ့ဘဝတစ်လျှောက်က အမည်းစက်ကြီးလိုဖြစ်သွားပြီ၊ အဲဒီကလေးရဲ့ဘဝက ပိုက်ဆံ ၅သိန်း ၁၀သိန်းလောက်နဲ့ ရောင်းသလိုဖြစ်သွားတယ်၊ ပြီးတော့ မုဒိမ်းကျင့်ရင်လည်းကိစ္စမရှိဘူး ကြေးအေးလို့ရတယ် ဆိုတဲ့စိတ် ရှိသွားကြမှာစိုးရိမ်ရတယ်၊ လွှတ်တော်အနေနဲ့လည်း ဒီလိုမျိုးဥပဒေကို ပြင်ပေးသင့်တယ်”ဟု ပြောသည်။

သက်ငယ်မုဒိမ်းကျင့်ခံရသူအများစုမှာ ၁၀နှစ်အောက်အများစုဖြစ်ပြီး ယောကျာၤလေးတစ်ယောက်ပါဝင်ကာ အခြားသူများမှာ မိန်းကလေးများဖြစ်ကြကြောင်းသိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...