ကချင်စစ်ရှောင်အရေးဆောင်ရွက်သူ ကချင်လူငယ် ၂ ဦး ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရ

ကချင်စစ်ရှောင်အရေးဆောင်ရွက်သူ ကချင်လူငယ် ၂ ဦး ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရ

ကချင်စစ်ဘေး ၈ နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော်ပြမှုကြောင့် တရားစွဲခံထားရသောလူငယ် ၂ဦးကို ယနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၁၅ရက် ချမှတ်လိုက်ပါသည်။

တေးသရုပ်ဖော်အစီစဉ် ဦးဆောင်ခဲ့သော ကိုပေါလုနှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို အပြစ်ရှိကြောင်းဝန်ခံလျှင် ငွေဒဏ် ၃ သောင်း ၊ အပြစ်မရှိကြောင်းငြင်းဆိုလျှင် ထောင်ဒဏ် ၁၅ ရက် ရွေးချယ်ရန် တရားရုံးမှစီရင်လိုက်ခြင်းအပေါ် တရားစွဲခံ လူငယ် ၂ ဦးက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ကျနော်တို့ကို အမိန့်ချခဲ့တာက ထောင်ဒဏ် ၁၅ရက်နဲ့ငွေဒဏ် ၃သောင်း ဒီ ၂ခု ကိုရွေးချယ်ခိုင်းတယ်။ အဲ့တော့ ငွေဒဏ်ပေးလိုက်မယ်ဆိုရင် အမှု စစွဲကတည်းက ပေးလိုက်ရင်ပြီးပြီ။ အခုက လုံးဝအပြစ်မရှိဘူးဖြစ်တဲ့အတွက် ၁လကျော် ၂လကျော်အချိန်ယူပြီး ထုချေခဲ့တာဖြစ်တယ်။ လမ်းဘေးတေးသရုပ်ဖော်ပြမှုက တကယ်ဘဲ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်တဲ့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်” ဟု ထောင်ဒဏ်ချမှတ်ခံခဲရသော ကချင်လူငယ် ကိုပေါလု ယနေ့ ပြောဆိုခဲ့ပါသည်။

လူငယ် ၂ ဦးသည် အပြစ်မရှိဟုဆိုကာ ယနေ့အပါအဝင် ရုံးချိန်း စုစုပေါင်း ၁၂ ကြိမ်ဖြင့် သက်သေများနှင့်တကွ ထုချေခဲ့ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံကိုသွားနေသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရန်လိုအပ်သောကြောင့် လူငယ် ၂ ဦးကို ပြစ်ဒဏ်မှ လွတ်မြောက်ပေးခဲ့သင့်သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဒေါက်တာတူးဂျာ ပြောပါသည်။

“ကျနော့်အမြင်ပြောရမယ်ဆိုရင် ငွေဒဏ်လည်းချစရာမလိုဘူး။ ငွေဒဏ်လည်းချစရာမလိုဘူး။ ဒါက ကြီးကြီးမားမား အမှုလည်း မဟုတ်ဘူး။ အခုဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာဖြစ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို ထုတ်ဖော်ခွင့်ရှိတယ်”ဟု ပြောဆိုသည်။

ယနေ့ လူငယ် ၂ဦး၏ အပြီးသတ်အမိန့်ချရာတွင် ကချင်စစ်ရှောင်စခန်းမှ လူငယ်များနှင့် မြို့ပေါ်ရှိ စစ်ရှောင်ပြည်သူများ ၂၀၀ကျော်ခန့် လာရောက်ဝန်းရံခဲ့ကြပြီး တရားရုံးမှ အကျဉ်းထောင်အထိ လူငယ် ၂ဦးကို လွှတ်ပေးရန် လူထုအင်အားဖြင့် အော်ဟစ်ကြွေးကြော်ခဲ့ကြပါသည်။

ဇွန်လ ၉ ရက်နေ့ ပြုလုပ်ခဲ့သော လမ်းဘေး တေးသရုပ်ဖော်တင်ဆက်မှုသည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းမဟုတ်ဘဲ စစ်ရှောင်များ ၈ နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အခက်ခဲများကိုသာ ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ပြောဆိုပါသည်။

တေးသရုပ်ဖော်ခြင်းကို မြစ်ကြီးနား စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင် အားကစားကွင်း ၂နေရာတွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစီစဉ်အတွက် သက်ဆိုင်ရာကို ခွင့်ပြုချက်မတောင်းခံသောကြောင့်ဟုဆိုကာ မြစ်ကြီးနားမြို့နယ် ယာယီ ဒုရဲမှူး ဦးမင်းသန့်ဇော်က တရားလိုပြုကာ ငြိမ်းစုစည် ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...