မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းခံ ကချင် မုဆိုးမ နေအိမ် အမြန် ပြုပြင်ပေးရန် လိုအပ်

မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းခံ ကချင် မုဆိုးမ နေအိမ် အမြန် ပြုပြင်ပေးရန် လိုအပ်

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အစိုးရ၏ အောင်မြင်သာစုစည်းရွာသို့ အတင်း ရွှေ့ပြောင်းခံရသည့် မုဆိုးမ တစ်ဦး၏နေအိမ် ဆိုးရွားစွာပျက်စီးနေသောကြောင့် အမြန်ဆုံး ပြုပြင်ပေးရန် လိုအပ်နေကြောင်း ဆိုပါသည်။

အောင်မြင်သာ၊ ရပ်ကွက် (၇)မှ မုဆိုးမ ဒေါ် Hkawn Tawng ၏ နေအိမ်သည် မူလကတည်းက ပျက်စီးနေရာမှ ပြီးခဲ့သည့် မေလ (၁၉)ရက်နေ့မှာ ပြင်းထန်သောလေ တိုက်ခတ်မှုနှင့် ထပ်မံ ကြုံခဲ့ရသောကြောင့် နေထိုင်၍မရအောင် ပျက်စီးရခြင်းဖြစ်သည်။

“အိမ်က နဂိုကနေပျက်စီးနေတာ ကြာပါပြီ။ ဒါပေမယ့် နေလို့မရအောင်တော့ မဖြစ်သေးဘူး။ အခုက နေလို့တောင် မရတော့ဘူး။ ကြားထဲမှာ မိုးရွာရင်ပိုဆိုးတယ်။ အိပ်လို့တောင်မရဘူး။ အဲ့တော့ လူကြီးတွေကို တင်ပြတော့ လက်သမားတွေနဲ့ပြန်ပြင်ပေးမယ်လို့ပြောတယ်။ နောက် လက်သမားတွေ ပြန်ပြီး လာကြည့်တော့ အိမ်ကပြင်လို့ မရတော့ဘူးတဲ့။ အစကနေ ပြန်ဆောက်ရမယ်လို့ပြောတယ်။ အခုဆိုရင် ကျမက မုဆိုးမဆိုတော့ အိမ်တစ်လုံးဆောက်ဖို့က အင်အားမရှိဘူး” ဟု ဒေါ် Hkawn Tawng က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် အစိုးရ၏ အဓ္ဓမရွှေ့ပြောင်းခံခဲ့ရသော ဒေသခ ံကချင်ရွာသားများအတွက် နေအိမ် ၃၀၀ ကျော်ခန့်ကို တရုတ်အစိုးရပိုင် ရေကာတာ ဆောက်လုပ်ရေး ကုမ္ပဏီ (China Power Investment Corporation, CPI)မှ မြစ်ကြီးနားမြို့ မြောက်ဘက် Chying Hkrang ကျေးရွာအနီး ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အထိ ၂နှစ်အတွင်း အပြီးဆောက်လုပ်ပေးခြင်းဖြစ်သည်။

ရွှေ့ပြောင်းအိမ်များကို အဖြစ်သဘောသာ ဆောက်လုပ်ပေးသောကြောင့် ၃နှစ်ခန့်အကြာမှစပြီး တစ်ရွာလုံးရှိနေအိမ်များ စတင်ယိုယွင်းပျက်စီးလာသောကြောင့် မကြာခဏပြုပြင်ပြီး နေထိုင်ရကြောင်း ဆိုပါသည်။

“သူတို့ကဆောက်ထားပေးတာ အဖြစ်သဘောလောက်သာ ဆောက်ထားပေးတယ်။ အိမ်တိုင်း ဖြစ်သလိုဆောက်ထားတယ်။ အခုဆိုရင် တစ်ရွာလုံးပျက်စီးနေပြီ။ နေလို့မရအောင် ပျက်စီးနေတဲ့ အိမ်တောင်ရှိနေတယ်။ ပြန်ပြုပြင်ဖို့က တစ်ချို့က စားဝတ်နေရေးအရမ်းခက်ခဲတယ်။ အိမ်တစ်လုံးဆောက်ဖို့က အစွမ်းအစမရှိကြဘူး။ ပြန်ဆောက်ပေးဖို့က သူတို့မှာ တာဝန်အပြည်ရှိတယ်။ သူတို့ကြောင့် ရွှေ့ပြောင်းနေထိုင်ရတာ ဖြစ်တယ်” ဟု ရွာသား ဒေါ် Lu Ra ပြောပါသည်။

အလားတူပဲ အောင်မြင်သာ အနီး Mali Yang ကျေးရွာသို့ ရွှေ့ပြောင်းခံရသော ရွာသားများ၏ နေအိမ်များလည်း ယခုချိန်ယိုယွင်းပျက်စီးနေပြီဖြစ်သောကြောင့် နေထိုင်၍မရ ဒုက္ခ ကြုံတွေ့နေရကြောင်း သူမက ဆက်ဆိုသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...