သက်မပြည့်မိန်းကလေးကို အဓမ္မပြုကျင့်သူ (၄) ဦးကို ဖမ်းမိပြီဖြစ်ပြီး ကျန်တစ်ဦးကိုဆက်လက်ရှာဖွေ

သက်မပြည့်မိန်းကလေးကို အဓမ္မပြုကျင့်သူ (၄) ဦးကို ဖမ်းမိပြီဖြစ်ပြီး ကျန်တစ်ဦးကိုဆက်လက်ရှာဖွေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဆင်ရွာကျေးရွာနေ အသက် (၁၇) နှစ်အရွယ် သက်မပြည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သူ လူငယ် (၄) ဦးဖမ်းဆီးထားပြီဖြစ်ပြီး ကွင်းဆက်တရားခံနောက်တစ်ဦးကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ သြဂုတ်လ (၈) နေ့တွင် မိန်းကလေးတစ်ဦးအား ၎င်း၏ချစ်သူ ကလေးမြို့၊ တောင်ဇလပ်ရပ် ကွက်နေ ဘွဲ့နေထန်းမှ ည ၈ နာရီတွင် ချိန်းတွေ့ရန်ပြောဆိုခဲ့သည်။ ဘွဲ့နေထန်း၏ သူငယ်ချင်းများဖြစ်သူ ယောလ်ဟန်မွေးဖူနှင့် ထန်းလန်းတို့မှ ဘွဲ့နေထန်းမှ လာကြိုရန်ပြောဆိုသည့်အတွက် အဓမ္မပြုကျင့်ခံရသူ မိန်းကလေးလိုက်သွားခဲ့ကြောင်းသိရသည်။

သွားရောက်ခေါ်ယူသူ ဘွဲ့နေထန်း၏ သူငယ်ချင်းများမှ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ဆောင်လာပြီး ခိုင်ကမ်းမြို့ရှိ ကျောက်တလုံးတံတားဖက်တွင် ခေါ်ဆောင်သွားပြီး ခြိမ်းခြောက်ပြီးနောက် အပြန်တွင် အဓ္ဓမပြုခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခံရသူ၏ အမျိုးတော်စပ်သူ ဦး ပါဗျက်က “မိန်းကလေး ပြောပြချက်အရကတော့ သူ့ကိုကျောက်ဂူဖက်သွားတဲ့ချိန်အဓမ္မပြုကျင့်ပြီး ဒီတိုင်းပစ်ထားခဲ့ကြ တယ်၊ ပြီးတော့ သူ ၁၂ နာရီဝန်းကျင်လောက်မှာ နိူးလာတော့ သူတို့ မရှိကြတော့ စက်မှုဇုန်လမ်းခွဲဘက်ကို သွားတယ်၊ တောင်သာကျေးရွာနေ နေထက်လင်းနဲ့ အငယ်လေးတို့က အိမ်လိုက်ပို့ပေးမယ်ပြောတယ်၊ ဒါပေမဲ့သူတို့က တောင်ခြေဘက်ကို ပြန်သွားပြီး နောက်တစ်ကြိမ် သားမယားပြုကျင့်တယ်၊ ပြီးတော့ နေထက်လင်းက စက်မှုဇုန်နီး လူမရှိတဲ့အိမ်မှာလည်း တစ်ညခေါ်အိပ်တယ်၊ နောက်ပြီး ရင်းနှီးတဲ့အိမ်မှာ ၃ ရက်ပြန်အိပ်တယ်၊ သူတို့က ဆေးတွေလည်းသောက် ခိုင်းတယ်၊ အဲနောက်ပိုင်း မိန်းကလေး ထွက်ပြေးသွားတယ်။ ထွက်ပြေးတဲ့လမ်းမှာ ယောလ်ဟန်မွေးဖူ နဲ့ အတူသူ့သူငယ်ချင်းတစ်ယောက်နဲ့သွားဆုံတယ်။ သူတို့က တောင်ဖီလာတောင်မှာ ခေါ်သွားပြီး တစ်ကြိမ်သားမယားပြုကျင့်ခံရတယ်။ သူတို့ကအဲတိုင်းပြန်ပစ်ထားတော့ ညနက်ကြီး တောင်ဖီလာလမ်းမကြီးတိုင်း သွားနေစဉ် လူတစ်ဦးကတွေ့ပြီး အိမ်နားထိလိုက်ပို့ပေးတာဖြစ်တယ်၊ သားမယားပြုကျင့်သူတွေကို အခုအမှုဖွင့်ထားတယ်” ဟုပြောသည်။

အဆိုပါဖြစ်စဉ်မှာ သြဂုတ်လ (၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း တရားလိုများဖက်မှ ချင်းထုံးစံအရ ညှိနှိုင်းရန် အမှုကျူးလွန်သူများကို ပြောဆိုသော်လည်း ဝန်ခံခြင်းမရှိခြင်းကြောင့် စက်တင်ဘာလ (၁) ရက်နေ့တွင် ဥပဒေလမ်းကြောင်းအရ အရေးယူဆောင်ရွက်ရန် အမှုဖွင့်ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ကလေးခရိုင် ရဲတပ်ဖွဲ့မှု၏ လမ်းညွှန်မှုဖြင့် တရားခံများဖမ်းဆီးနိုင်ရေးအတွက် ခိုင်ကမ်းမြို့စခန်း၊ ကလေးမြို့နယ်ထိန်းခေါင်းဆောင်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး တရားလို၏ ထွက်ဆိုထားသည့် ဆက်စပ်တရားခံများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...