ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက်လိုင်း ပြန်လည်ရရှိ

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက်လိုင်း ပြန်လည်ရရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၈)မြို့နယ်တွင် စစ်ပွဲကြောင့် သုံးလနီးပါး ပိတ်ပင်ခဲ့သည့် အင်တာနက်လိုင်း စတင်ဘာလ (၁) ရက်နေ့ကစပြီး ပြန်လည် ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ(၂၁)ရက်နေ့မှစပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း (၈)မြို့နယ်ကို ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်နေချိန် နှစ်လကျော်အကြာ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့သည်။

ပလက်ဝမြို့ ဒေသခံ ဦးဘူးထန်ပိုင်က “စက်တင်ဘာလ(၁)ရက်နေ့ ကနေစပြီး အင်တာနက်လိုင်းတွေ ပြန်ရပြီ အခုလိုပြန်ရတော့ အရမ်းဝမ်းသာတယ်။ အနီးအဝေးမှာရှိကြတဲ့ ဆွေမျိုးတွေ အသိတွေနဲ့လည်း ဆက်သွယ်လို့ ရသွားပြီ။ ကမ္ဘာကြီးနဲ့ အဆက်သွယ်ရသွားသလို ခံစားရတယ် အရမ်းပျော်တယ်”ဟုပြောသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားသော ဒေသများတွင် အင်တာနက်လိုင်းကို နှစ်လကျော်အကြာ ဖြတ်တောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့တိုက်ပွဲဖြစ်ပွားသည့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ် အပါအဝင်(၉)မြို့နယ်အား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်း ဆက်သွယ်မူကို ဖြတ်တောက်ထားခဲ့ပြီး ဖုန်းပြောဆိုမူနှင့်ဖုန်းဖြင့်မက်ဆေ့ချ်ပေးပို့ခြင်းတို့ကိုသာ ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...