CNLD ပါတီခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များဟု ပါတီဥက္ကဌပြော

CNLD ပါတီခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များဟု ပါတီဥက္ကဌပြော

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များ ဖြစ်ကြကြောင်း ပါတီဥက္ကဌ ပူးဇိုဇမ်က ကလေးမြို့ ပါတီရုံးဖွင့်ပွဲတွင် ပြောကြားသည်။

ပူးဇိုဇမ်က “ကျွန်တော်တို့ပါတီခေါင်းဆောင်တွေကို မကောင်းကြောင်းပြောတဲ့သူက ချင်းသစ္စာဖောက်ဘဲ။ ဒါမျိုးကျွန်တော် အဖြစ်မခံနိုင်ဘူး။ CNLD ပါတီဟာ ပါတီအသစ်စက် စက်ဖြစ်တယ်။ ချင်းပါတီအဟောင်းတွေနဲ့ မနှိုင်းပါနဲ့ စောင့်ကြည့်ကြပါ”ဟုပြောသည်။

ပါတီရုံးဖွင့်ပွဲ၌ ကလေးမြို့တွင်နေထိုင်သည့် ချင်းလူမျိုးများအနေဖြင့် ချင်းအမျိုးသားရေး တည်ဆောက်ရာတွင် တစ်ဦးစီ၌ တာဝန်ရှိကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။

ပူးဇိုဇမ်က “ကျွန်တော်တို့မှာ ဘာလက်နက်တစ်ခုမှ မလိုအပ်ပါဘူး။ နှလုံးရည်တိုက်ပွဲ ဝင်နေတာဖြစ်တယ်။ နှလုံးရည်နဲ့ဘဲ အောင်မြင်ရမှာဖြစ်ပါတယ်။ ၂၀၂၀ကျရင် ချင်းပါတီကနေ ဟားခါးမြို့ကို သိမ်းပိုက်မှာဖြစ်တယ်။ ချင်းပြည်နယ်ပြင်ပ ချင်းအမျိုးသားတွေရဲ့ တာဝန်ကိုကျွန်တော်ပြောချင်တယ်။ ခင်ဗျားတို့တာဝန်ယူရမှာက ချင်းအမျိုးသားရေး တည်ဆောက်တဲ့ လုပ်ငန်းမှာ ခင်ဗျားတို့ကိုယ်တိုင်မပါဝင်လို့မရဘူး။ ခင်ဗျားတို့ဦးဆောင်မှရမယ်။ ချင်းအမျိုးသားရေး တည်ဆောက်မှုကို ချင်းပြည်ဖက်ကနေမလုပ်နိုင်ဘူး။ ဒါကြောင့်ကလေးမြို့မှာရောက်နေတဲ့ ချင်းတစ်ဦးဆီတိုင်းမှာ တာဝန်ရှိတယ်”ဟုပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)ပါတီ အနေဖြင့် ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်မှလွဲပြီး ကျန်မြို့များတွင် ပါတီဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ချင်းလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးများတွင် ဆက်လက်ဖွင့်လှစ်လျက်ရှိသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...