လူငယ်များ ကိုယ်ပိုင်စီးပွားရေးအခွင့်အလမ်းဖန်တီးနိုင်ရေးရည်ရွယ်ပြီး Community College ဟားခါးတွင် ဖွင့်လှစ်မည်

လူငယ်များ ကိုယ်ပိုင်စီးပွားရေးအခွင့်အလမ်းဖန်တီးနိုင်ရေးရည်ရွယ်ပြီး Community College ဟားခါးတွင် ဖွင့်လှစ်မည်

လူငယ်များ ကိုယ်ပိုင်စီးပွားရေးအခွင့်အလမ်းဖန်တီးနိုင်ရေးရည်ရွယ်ပြီး Community College (Victoria Acedemy) ကိုလာမည့် ၂၀၂၀ ဇန်နဝါရီလမှ စတင်ပြီး ဟားခါးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းအုပ် ဆလိုင်းဗန်ကျုံးလျန်ကပြောသည်။

ဆလိုင်းဗန်ကျူံးလျန်က “လူမှုသိုင်းအဝိုင်းမှာ အပြောင်းအလဲလုပ်နိုင်တဲ့ လူငယ်တွေများများပေါ်ထွက် လာနိုင်အောင် ဆိုပြီးဒီကျောင်းကို ဖွင့်လှစ်တာဖြစ်တယ်။ ကျောင်းကိုတော့ ၂၀၂၀ ဇန်နဝါရီလမှာ စတင်ကျောင်းဖွင့်မှာဖြစ်တယ်။ အခုကျွန်တော်တို့ ရုံးတွေ ကျောင်းသားထောက်ခံစာတွေကို လုပ်နေပြီ။ ဒီနှစ်ကစပြီးတော့ လူငယ်တွေ သူတို့ဟာသူတို့ စီးပွားရေးလုပ်နိုင်အောင် ရည်ရွယ်ပြီးတော့ (စွန့်ဦးထွန်ဘာသာ) တွေကိုလည်း စသင်ပေးမှာဖြစ်တယ်။ နောက်ပြီး သူတို့ကိုယ်ပိုင် အလုပ်ဖန်တီးနိုင်အောင် ကျွန်တော်တို့ကျောင်းကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့စည်းတစ်ခုကနေ ငွေအရင်းအနှီး လျှောက်နိုင်မှာဖြစ်တယ် ” ဟုပြောသည်။

ဟားခါးမြို့တွင် ဖွင့်လှစ်မည့် Victoria Academy တွင် ကျောင်းသူကျောင်းသား လူဦးရေ (၃၂)ဦးသာ လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (၁၆)နှစ်ပြည့်သူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများသည် သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်ကိုလည်း ထပ်မံဖြေကြားအောင်မြင်သူဖြစ်ရမှာဖြစ်ကျောင်း ကျောင်းအုပ် ဆလိုင်းဗန်ကျူံးလျန်ကပြောသည်။

သူက“အနည်းဆုံး ၁၆နှစ်ပြည့်ရမှာဖြစ်တယ်။ အသက်ကြီးပိုင်းလည်း သူတို့စိတ်ဝင်စားရင် လာလျှောက်လို့ရတယ်။ ကျောင်းကိုအချိန်ပြည့် တက်နိုင်တဲ့သူလည်းဖြစ်ရမှာဖြစ်တယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ကျောင်းပုံမှန်တက်နိုင်တဲ့ လူဖြစ်ရမှာဖြစ်တယ် ။ ဝင်ခွင့်ကိုလည်း ဖြေရမှာဖြစ်တယ်။ အတန်းလိုက်နိုင်အောင်တော့ အင်္ဂလိပ်စာကိုတော့ လိုက်နိုင်ရမှာဖြစ်တယ်”ဟုပြောသည်။

Victoria Academy တွင် သင်ယူရမည့် ဘာသာရပ်များမှာ Social Sciences, Information Technology, English Language(4) skills, Numeracy and Learning Skills, Community Development, Social Entrepreneurship တို့ဖြစ်ကြောင်း သိရသည်။

Victoria Academy မှ ဘာသာရပ်များကို နှစ်နှစ်သင်ကြားရမည်ဖြစ်ပြီး နှစ်နှစ်ပြီးဆုံးပါက Victoria Academyမှ ထောက်ခံစာနှင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင်ရှိသော PAYAP University မှ ထောက်ခံစာတစ်ခု နှင့် စုစုပေါင်း ထောက်ခံစာနှစ်ခုရရှိမည်ဖြစ်ကြောင်း သိရသည်။

Victoria Academyမှကျောင်းအုပ် ဆလိုင်းဗန်ကျူံးလျန်က “အစိုးရမှာလည်း မူဝါဒမရှိဘူးဆိုတော့ ထောက်ခံစာဘဲပေးမှာဖြစ်တယ်။ အဓိက ကျွန်တော်တို့ရည်ရွယ်တာက NGO မှာဖြစ်ဖြစ် လူမှုအသိုင်းဝိုင်းမှာဖြစ်ဖြစ် တကယ့်ကို အသုံးဝင်တဲ့ လူငယ်တွေဖြစ်လာမယ်လို့ ကျွန်တော်တို့က ယုံကြည်တာဖြစ်တယ်။ သူတို့ဟာနဲ့ သူတို့ အလုပ်ရှာတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ သူတို့ဟာနဲ့ သူတို့အလုပ်ဖန်တီးနိုင်တဲ့ လူတွေဖြစ်ပေါ်လာဖို့ ရည်ရွယ်တာဖြစ်တယ်”ဟုပြောသည်။

Victoria Academy တွင် ပထမနှစ်ကျောင်းသူ ကျောင်းသားများအတွက် လျှောက်လွှာကို အောက်တိုဘာလ(၁၅)ရက်နေ့အထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း လည်းသိရသည်။

ယခုကဲ့သို့ Community College မျိုး မြန်မာနိုင်ငံတွင် ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...