၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းလွှတ်တော်ကို သိမ်းပိုက်မည်ဟု CNLD ပါတီဥက္ကဌ ကြုံးဝါး

၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းလွှတ်တော်ကို သိမ်းပိုက်မည်ဟု CNLD ပါတီဥက္ကဌ ကြုံးဝါး

လာမည့် ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော်ကို သိမ်းပိုက်မည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီဥက္ကဌ ပူးဇိုဇမ်က ကြုံးဝါးပြောဆိုလိုက်သည်။

ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သော ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ၏ ကလေးမြို့နယ် ပါတီရုံးဖွင့် ပွဲတွင် ပူးဇိုဇမ်းက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ CNLD ပါတီဟာ ချင်းအရေးအရာကိစ္စလုပ်ဖို့အတွက်တာဝန်ယူထားတာ ၂ ချက်ရှိပါတယ်၊ ၁ အချက် Chin State Building နံဘတ် ၂ Chin Nation Building အဲဒီအနေအထားပေါ်မှာ ချင်းပြည်တခွင့်မှာ Chin State Building အတွက် အောင်မြင်စွာကျနော်တို့ပြုလုပ်နိုင်ခဲ့ပါပြီ၊ သဘောကတော့ ၂၀၂၀ ရွေးကောက်ပွဲကျရင် ချင်းပြည်နယ်လွှတ်တော်ကို CNLD ပါတီက သိမ်းပိုက်မှာဖြစ်ပါတယ်၊ နောက်တစ်ခါ ချင်းပြည်နယ်အစိုးရကို CNLD အနေနဲ့ ဦးဆောင်ပြီးမှ ကျနော်တို့သိမ်းပိုက်မှာဖြစ်ပါတယ်’’ ဟု ပါတီရုံးဖွင့်ပွဲ အဖွင့်မိန့်ခွန်းတွင် ပူးဇိုဇမ်းကပြောဆိုခဲ့သည်။

CNLD ပါတီကို ချင်းနိုင်ငံရေးပါတီကြီး ၃ ခုဖြစ်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP)၊ ချင်းတိုးတက်ရေးပါတီ(CPP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ်(CLD) ပါတီတို့က တစ်ပါတီအဖြစ်ပူးပေါင်း၍ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ပါတီအနေဖြင့် ချင်းလူမျိူးများအတွက် နစ်နာစေသော ဥပဒေများကိုလည်း အကုန်ရိုက်ချိူးပစ်မည်ဟု ပူးဇိုဇမ်းက ဆက်ပြောသည်။

“ကျနော်တို့နိုင်ငံရေးက ကျနော့နိုင်ငံရေးက ချင်းပြည်သူအတွက် အသုံးမတည့်တဲ့ ချင်းပြည်သူရဲ့ဘဝကို နစ်နာစေတဲ့ ဥပဒေတွေအကုန်လုံး ရိုက်ချိူးပစ်မှာ နိုင်ငံရေးသမားဆိုတာ ဥပဒေအရဘဲသွားတဲ့သူက နိုင်ငံရေးသမားမဟုတ်ဘူး ပြည်သူအတွက်အသုံးမကျတဲ့ ပြည်သူကို ဒုက္ခပေးတဲ့ဥပဒေတွေကို မတိုက်ဖျက်ရဲတဲ့ နိုင်ငံရေးသမား နိုင်ငံရေးထဲဝင်ရင် အလကားပဲ’’ ဟု ပူးဇိုဇမ်ကပြောသည်။ ယခုလက်ရှိတွင် ပလက်ဝမြို့နယ်မှလွှဲ၍ ချင်းပြည်နယ် ၈ မြို့နယ်တွင် ပါတီရုံးများဖွင့်လှစ်ပြီးဖြစ်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးနှင့် ကလေးမြို့တွင် ဖွင့်လှစ်ခဲ့ကြပြီးဖြစ်သည်။ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပါတီရုံးများ ဆက်လက်ဖွင့်လှစ်သွားကြမည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...