ဝက်ရောဂါ ကာကွယ်သည့် အနေဖြင့် မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ရက်ကန့်သတ်မရှိ ဝက်တင်ပို့ခွင့်ပိတ်ပင်

ဝက်ရောဂါ ကာကွယ်သည့် အနေဖြင့် မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ရက်ကန့်သတ်မရှိ ဝက်တင်ပို့ခွင့်ပိတ်ပင်

အိန္ဒိယနိူင်ငံ၊ မီဇိုပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ မြန်မာနိူင်ငံအတွင်းရှိ ဝက်များတွင် ရောဂါရှိမရှိစမ်းသပ်ခဲ့ရာ၊ မြန်မာဝတ်များတွင် African swine fever ရောဂါတွေ့ရှိပြီးနောက် ပြည်ပမှတင်ပို့လာသော ဝက်များကို ရက်အကန့်သတ်မရှိ တင်ပို့ခွင့် ပိတ်ထားကြောင်း သိရသည်။

အဆိုပါ ရောဂါကြောင့် မီဇိုရမ်ပြည်နယ်ရှိ ဝက်များရောဂါကူးမည်ကို ကာကွယ်သည့် အနေဖြင့် ရက်အကန့်သတ်မရှိ ပိတ်ထားခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန အတွင်းရေးမှူး Pu Laithangpuia က “တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန တာဝန်ရှိသူတွေ အစည်းအဝေးလုပ်ကြတယ်၊ သူတို့မြန်မာပြည်ရှိ ဝက်များတွင် African Swine Fever ရောဂါရှိကြောင်းအတည်ပြုကြတယ်၊ ဝက်တွေတင်ပို့ခွင့် ပေးလိုက်ရင် မီဇိုရမ်ပြည်နယ်အတွင်းရှိ ဝက်တွရောဂါကူးသွားမယ်၊ ဒီရောဂါတွေက ကုသဖို့ ဆေးလည်းမရှိတဲ့အတွက်ရောဂါကာကွယ်သည့် အနေဖြင့် တင်ပို့ခွင့်ပိတ်ထားခြင်းဖြစ်တယ်” ဟု ပြောသည်။

ပြီးတော့ ဒီရောဂါတွေက ကူးစက်မှုအရမ်းမြန်တယ်၊ ကုသဖို့လည်း ဆေးမရှိတော့ ရောဂါကာကွယ်သည့် နည်းလမ်းအကောင်းဆုံးကတော့ ဝက်သားမှပြုလုပ်သော အစားအစာကို မီဇိုရမ်ပြည်နယ်အတွင်း တင်ပို့ခွင့် ပိတ်ထားတာက အလွယ်ကူဆုံးဖြစ်ပြီး၊ မီဇိုရမ်ပြည်သူများအနေဖြင့် ဝက်သားနှင့် ပတ်သက်သည့် အစားအစာများကို မဝယ်ယူရန်တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

ချင်းပြည်နယ် နယ်စပ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်ဖက်သို့ ဝက်တင်သွင်းခွင့်နှင့် ပက်သက်ပြီး မီဇိုရမ် အစိုးရ MNFမှ အရင်နှစ်များတွင်လည်း ဝက်တင်သွင်းခွင့်ကို နှစ်လအကြာပိတ်ထားမည် ပြောသော်လည်း သုံးလကြာမည့်ပြီး ဖွင့်လျှက်ရှိကြောင်းလည်း သိရှိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...