ချင်းပါတီများပူးပေါင်းသည့် CNLD ပါတီ၏ ဆိုင်းဘုတ်တင်ပွဲ အတားအဆီးများရှိနေ

ချင်းပါတီများပူးပေါင်းသည့် CNLD ပါတီ၏ ဆိုင်းဘုတ်တင်ပွဲ အတားအဆီးများရှိနေ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီအနေဖြင့် ချင်းပြည်နယ်ရှိ မြို့တိုင်းတွင် ပါတီရုံးဖွင့်ပွဲ များကျင်းပရာ မြို့တိုင်းလိုလိုတွင် ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် ပက်သက်ပြီး တားစီးပိတ်ပင်မှုများ ရှိခဲ့ကြောင်း CNLDပါတီ ဥက္ကဌ ပူးဇိုဇမ်ကပြောသည်။

CNLDပါတီ ဥက္ကဌ ပူးဇိုဇမ်“ပါတီဆိုင်းဘုတ်တင်တဲ့ အခက်ခဲက မြို့တိုင်းလိုလိုမှာအခက်ခဲရှိတယ် တီးတိန်၊တွန်းဇံမြို့တွေကလွဲလို့ ဘာကြောင့်လည်းဆိုတော့ တချို့ရွာတွေထက် မြို့တစ်ချို့မှာ ရှိတဲ့ ထွေအုပ်ဝန်ထမ်းတွေ ပြောလိုပါတယ်၊ ကိုယ့်ချင်းလူမျိုး ဝန်ထမ်းရှိတဲ့ မြို့တွေမှာတော့ အခက်ခဲမရှိပါဘူး မကူညီရင်တောင်မှ တားဆီးဖို့ သူတို့မှာမရှိဘူး ရှင်းရှင်းပြောရရင် ချင်းမဟုတ်တဲ့ ဝန်ထမ်း ထွေအုပ်တွေရှိတဲ့ မြို့တိုင်းလိုလိုမှာ အခက်ခဲတွေရှိတယ် ဆိုင်းဘုတ်တင်တာနဲ့ ပက်သက်ပြီး တားစီးပိတ်ပင်တယ် သူတို့စိတ်ထဲမှာ ချင်းပါတီဟာ သူတို့ရန်သူလို့ ထင်နေကြတယ် ဒါလုံးဝကိုမှားတယ်”ဟုပြောသည်။

CNLDပါတီမှာ အစိုးရနှင့် အစဉ်အဆက် တွဲလုပ်လာသော ချင်းပါတီနိုင်ငံရေးတစ်ခုသာဖြစ်ပြီး CNLDပါတီမှာ အရင်က ပါတီသုံးခုဖြစ်သော်လည်း ကဏ္ဍအသီးသီးတွင် ချင်းပြည်သူများ၏ မေတ္တာကြောင့် သမိုင်းမှတ်တမ်းကောင်း များရှိခဲ့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဌ ပူးဇိုဇမ်ကပြောသည်။

CNLDပါတီ ဥက္ကဌ ပူးဇိုဇမ် “ကျွန်တော်တို့က ဘာရန်သူမှမရှိဘူး ကျွန်တော်တို့ဆီမှာက အစိုးရအစဉ်အဆက်က တွဲလုပ်လာတဲ့ ချင်းပါတီနိုင်ငံရေး တစ်ခုဖြစ်တယ်။ အရင်တုန်းကတောင် ပိုဆိုးခဲ့သေးတယ် ပါတီသုံးခုစလုံး ယဉ်ပြိုင်ခဲ့တယ် ဗမာပါတီနဲ့လည်း ယဉ်ပြိုင်ခဲ့တယ် ဒါပေမဲ့ ချင်းပါတီအသီးသီးက ချင်းပြည်သူတွေရဲ့ မေတ္တာကြောင့်ကဏ္ဍာအသီးသီးက နိုင်ခဲ့တယ် သမိုင်းမှတ်တမ်း ကောင်းကောင်းတွေရှိခဲ့တယ် ချင်းပြည်သူတွေရဲ့မေတ္တာကြောင့်”ဟုပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီအနေဖြင့် ချင်းပြည်နယ်ရှိ မြို့များဖြစ်သော ကန်ပက်လက်၊ မင်းတပ်၊ ဟာားခါး၊ ထန်တလန်၊ ပါတီရုံးဖွင့်လှစ်ခြင်း ပါတီဆိုင်းဘုတ်များ တပ်ဆင်ခြင်းများကို ချင်းပြည်နယ် မြို့တိုင်းလိုလိုတွင် လုပ်ဆောင်ခဲ့ကြသည့်အပြင် ချင်းပြည်နယ် မြောက်ပိုင်း မြို့များဖြစ်သော ကလေးမြို့၊ခမ်းပတ်မြို့၊ ကာနန်၊ တမူး၊ ဂန့်ဂေါမြို့များတွင်လည်း သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...