မြန်မာဘက်မှတင်သွင်းသော ဝက်အကောင် (၁၀၀) ကျော်တွင်ရောဂါတွေ့ရှိသဖြင့် ရှင်းလင်းသုတ်သင်

မြန်မာဘက်မှတင်သွင်းသော ဝက်အကောင် (၁၀၀) ကျော်တွင်ရောဂါတွေ့ရှိသဖြင့် ရှင်းလင်းသုတ်သင်

အိန္ဒိယ-မြန်မာအမှတ် (၂) ရိ နယ်စပ်ကုန်သွယ်ရေးလမ်းမှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တရားမဝင်တင်သွင်း သော ဝက်အကောင်ရေ (၁၀၀) ကျော်တွင် Porcine Reproductive and Respiratory Syndrome virus (PRRS) ခေါ် ဝက်ရောဂါတွေ့ရှိသည့်အတွက် မီဇိုရမ်ပြည်နယ် တရားသူကြီး၏ခွင့်ပြုချက်ဖြင့် တိရိစ္ဆာန်မွေးမြူရေး ကုသဌာနမှ သြဂုတ်လ ၂၆ ရက်နေ့က ရှင်းလင်းသုတ်သင်လိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှတင်သွင်းသော ဝက်အကောင်ရေ (၁၂၁) ကောင်ကို ပြီးခဲ့သည့် ဇူလိုင် ၂၅ နှင့် ၂၈ ရက်နေ့က မီဇိုရမ်အာဏာပိုင်များကဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသည့် ဝက်များကို မီဇိုရမ်ပြည်နယ် တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် (PRRS) ခေါ် ဝက်ရောဂါရှိမရှိကို သြဂုတ်လ ၂၃ ရက်နေ့က စမ်းသပ်စစ်ဆေးရာတွင် ဝက်အားလုံးတွင် ရောဂါတွေ့ရှိရသည့်အတွက် သတ်ဖြတ်ပြီး ကျန်ဖိုင်းခရိုင် Selesih ကျေးရွာ ယာခင်းတစ်နေရာတွင် မြှပ်နှံလိုက်ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြထားသည်။

အဆိုပါဝက်များသည် မီဇိုရမ်ပြည်နယ် ကာလပေါက်ဈေးအားဖြင့် ရူပီးငွေသိန်း( ၄၀) ကျော်တန်ဖိုးခန့်ရှိသည်။ မြန်မာနိုင်ငံတွင်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဖရိကဝက်ရောဂါတစ်မျိူး ပြန့်နှံ့နေသည်ဟုဆိုကာ မီဇိုရမ်ပြည်နယ် အစိုးရက မြန်မာနိုင်ငံမှ ဝက်တင်သွင်းခွင့်က တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...