ရေကြီးရေလျှံမှုများကြောင့် မြိတ်ခရိုင်အတွင်း မိုးစပါး ဧက လေးထောင်ကျော် ပျက်စီး

ရေကြီးရေလျှံမှုများကြောင့် မြိတ်ခရိုင်အတွင်း မိုးစပါး ဧက လေးထောင်ကျော် ပျက်စီး

ရေကြီးရေလျှံမှုများကြောင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် မိုးစပါး ဧက ၄ ထောင်ကျော်ခန့် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ခရိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနရုံးမှ သိရသည်။

မြိတ်ခရိုင်တွင် မြို့နယ်လေးခုတွင် မိုးစပါး ၈၁၅၂၃ ဧက စိုက်ပျိုးခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့် မြိတ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ရှိ မိုးစပါး ဧက ၅၆၄၈ အနက် ၄၁၆၁ ဧကမှာ လုံးဝပျက်စီးခဲ့ကြောင်း သိရ သည်။

 “ခရိုင်ချုပ်အနေနဲ့ ပြောရရင် ကျွန်းစုမပါဘဲ ကျန်တဲ့ မြို့နယ် ၃ ခုမှာတော့ ဧက ၄၁၆၁ ပျက်စီးသွားတဲ့ အနေအထား ရှိပါတယ်။ လုံးဝ ကုစားလို့ မရတော့ပါဘူး။ ပြန်လည်အစားထိုး စိုက်ပျိုးရမယ့် အနေအထား ဖြစ်တယ်”ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနရုံးမှ လက်ထောက်ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က ပြောသည်။

ယမန်နှစ်က ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများကို လယ်တစ်ဧကလျှင် မျိုးစပါး တစ်တင်းနှုန်းဖြင့် လည်းကောင်း လယ် ငါးဧကလျှင် မြေသြဇာ တစ်အိန်နှုန်းတို့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။  

“ဒီနှစ်လည်း တောင်သူတွေကို အစိုးရက ထောက်ပံ့ ပေးဖို့ တင်ပြထားပါတယ်၊ ယခင် နှစ်တွေကတော့ ထောက်ပံ့ ပေးတာမျိုးရှိပါတယ်၊ ဒီနှစ်လည်း ကျွန်တော်တို့ဌာနက စာရင်းပြုစုပြီး တင်ပြပေးထားပါတယ်”ဟု ဦးဝင်းဇော်က ဆက်ပြောသည်။

ယခုနှစ်တွင် ပျက်စီးခဲ့သော မိုးစပါးများမှာ မြိတ်မြို့တွင် ၁၂၈ ဧက၊ ပုလောတွင် ၁၃၅၇ ဧကနှင့် တနင်္သာရီမြို့ တွင် ၂၆၇၆ ဧက ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း ယခုနှစ် ရေကြီး ရေလျှံမှုကြောင့် စိုက်ပျိုးလယ်ဧက တစ်သိန်းကျော် ရှိသည့်အနက် ဧက နှစ်သောင်းမှာ ရေနစ်မြုပ်ခဲ့သည်ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...