ကချင်စစ်ဘေး ၈ နှစ်ပြည့် တေးသရုပ်ဖော်လူငယ် ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ အမိန့်ချမည်

ကချင်စစ်ဘေး ၈ နှစ်ပြည့် တေးသရုပ်ဖော်လူငယ် ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ အမိန့်ချမည်

ကချင်စစ်ဘေး ၈ နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော် ဦးဆောင်မှုကြောင့် တရားစွဲခံထားရသော လူငယ်ခေါင်းဆောင် ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရပါသည်။

ယနေ့ ၁၁ ကြိမ်မြောက် ရုံးချိန်းတွင် လျှောက်လဲချက်တင်ခဲ့ပြီး လာမယ့်အပတ်တွင် အပြီးသတ် အမိန့်ချရန် ရုံးချိန်းပေးလိုက်ကြောင်း တရားစွဲခံထားရသော မဆိုင်းနူးပန် ပြောပါသည်။

“ဒီနေ့တော့ အဓိက လျှောက်လဲချက် တင်တာပဲရှိတယ်။ တရားသူကြီးက ကျမတို့အမှုကို တစ်ခါတည်း အမိန့်မချဘဲ အဲဒါကို ဖတ်ပြီးမှ လာမယ့်အပတ် စက်တင်ဘာ ၂ရက်နေ့ အမိန့်ချဖို့ ရုံးချိန်းလိုက်ပါတယ်။” ဟုပြောပါသည်။

ဇွန်လ ၉ ရက်နေ့ ကျရောက်သော တစ်ကျော့ပြန် ကချင်စစ်ဘေး ၈ နှစ်ပြည့်နေ့မှာ မြစ်ကြီးနားမြို့ လူစည်ကားရာ စိမ်းမြဧရာပန်းခြံနှင့် ပြည်သူ့ရင်ပြင် စသည့်နေရာ ၂ ခုတွင် စစ်ရှောင်လူငယ်တွေက ခံစားချက် တေးသရုပ်ဖော်တင်ဆက်ခဲ့ကြပါသည်။

ထိုအစီစဉ်အတွက် သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလု နှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ ယာယီရဲမှူး မင်းသန့်ဇော် မှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခဲ့ခြင်း ဖြစ်ပါသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...