ဆပ်ပြာခွက်အတွင်း ဖွက်ပြီးသယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိ

ဆပ်ပြာခွက်အတွင်း ဖွက်ပြီးသယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိ

By လားနွန် - အိန္ဒိယ - မြန်မာနိုင်ငံနယ်စပ်၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့မှ ချင်းအမျိုးသားနှစ်ဦးသယ်ဆောင်လာသော ဆပ်ပြာခွက် (၇၈) ခွက်ထဲထည့်ဖွက်ထားသည့် ဘိန်းဖြူ (၁.၉) ကီလိုဂရမ်ကို ဖမ်းဆီးရမိကြောင်းသိရသည်။

ယမန်နေ့ သြဂုတ်လ (၂၂) ရက်နေ့၊ ညနေပိုင်း ၃ နာရီကျော်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့များမှ ဇိုခေါထာရ်မြို့အနီး မြို့အပြင်ဘက်တွင် ထိုအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်။

ဘိန်းဖြူများကို မြန်မာနိုင်ငံဘက်မှ သယ်ဆောင်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ဖလမ်းမြို့နေ ဦးဘောလ်လျံနာ၏သား ဦးထန်းလျံနာ၊ အသက် (၃၇) နှစ်နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်နေ ဦး Kaithanga Khuangleng ၏သား ဦးဇိုးလျံဆန်းငါ၊ အသက် (၄၅) နှစ်တို့ဖြစ်သည်။

ဖမ်းဆီးရမိသည့် ဆပ်ပြာခွက်အတွင်းထည့်ဖွက်ထားသည့် ဘိန်းဖြူများကို ၎င်းတို့သည် ကုန်တင်ကားအသေးစားဖြင့် သယ်ဆောင်လာကာ ဇိုခေါထာရ်မြို့အနီးတွင် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များမှ ကားရပ်ပေးရန် တားခဲ့သော်လည်း ကားမရပ်ပေးခြင်းကြောင့် (၁) ကီလိုမီတာအကွာလောက်အထိ လိုက်လံဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ယခုဖမ်းဆီးရမိထားသည့် ဘိန်းဖြူပမာဏသည် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် ပမာဏအများဆုံးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...