တရုတ်နှင့် အိန္ဒိယ၏ စစ်ရေး၊ စီးပွားရေးပြိုင်ဆိုင်မှုသည် ရက္ခိုင့်တပ်မတော် (AA) ၏ စစ်ရေးလှုပ်ရှားမှုနှင့်ဆက်စပ်ကြောင်း စည်ပင်ဝန်ကြီးဆို

တရုတ်နှင့် အိန္ဒိယ၏ စစ်ရေး၊ စီးပွားရေးပြိုင်ဆိုင်မှုသည် ရက္ခိုင့်တပ်မတော် (AA) ၏ စစ်ရေးလှုပ်ရှားမှုနှင့်ဆက်စပ်ကြောင်း စည်ပင်ဝန်ကြီးဆို

ကုလားတန်ဆိပ်ကမ်းဖက်စုံစီမံကိန်း တည်ဆောက်ခြင်းသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးတွင် အဓိကလမ်းကြောင်းဖြစ်လာပြီး ရက္ခိုင့်တပ်မတော် (AA) မှာလည်း ၎င်းနှစ်နိုင်ငံ တို့၏ အားပေးထောက်ခံမှုနှင့် ဆက်စပ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများ တွေ့စုံပွဲတွင် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “၂၀၀၈ ကတည်းက အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒအရ ကွင်းဆင်းပြီးလေ့လာခဲ့တယ်။ အခုဒီစီမံကိန်းကိုလုပ်လာတာ (၁၁)နှစ်လောက်ရှိပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် သွားတွေ့အချိန်ပြီးမှ သူတို့ဖက်က ကွင်းဆင်းပြီးဆောင်ရွက်တာဖြစ်တယ်။ ပထဝီမြေအနေထားအရ ပင်လယ်ရေမြစ်ကြောင်းအရ သွားရတဲ့ အခြေနေမှာ တရုတ်က ကျောက်ဖြူရေနက် ဆိပ်ကမ်းကို ဝင်သလို အိန္ဒိယကလည်း စစ်တွေရေနက် ဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကိမ်းဖက်စုံစီမံကိန်းကို ဝင်လာတာဖြစ်တယ်။ ပြောရရင် အင်အားကြီး နှစ်နိုင်ငံရဲ့ စီးပွားရေးဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် ဒီလမ်းကြောင်းပေါ်မှာ ရောက်နေတာဖြစ်တယ်။ အခုဆိုရင် နယ်မြေမအေးချမ်းဘူး AA တွေ စစ်ရေးလှုပ်ရှားနေတယ်။ အဲဒါတွေလည်း နိုင်ငံကြီးနှစ်နိုင်ငံရဲ့ အားပေးမှုထောက်ခံမှုတွေနဲ့ ဆက်စပ်နေတယ်”ဟုပြောသည်။

AAတပ်မတော်၏ စစ်ရေး လှုပ်ရှားမှုများရှိနေသောကြောင့် လက်ရှိဆောင်ရွက်နေသည့် လမ်းတံတားစီမံကိန်းများ ရှေ့ဆက်ဆောင်ရွက်နိုင်ရန် အခက်အခဲများရှိနေသော်လည်း ကူးသန်းရောင်း ဝယ်ရေးအဆင်ပြေရန် စီမံကိန်းများ အမြန်ဆုံးအကောင်ထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းချက်အရ အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်က နေ ထွက်ပြီးမှ အိန္ဒိယဖက်ကို ပတ်မယ် အဲဒီကနေ စစ်ဆေးရေးဂိတ်က ပလက်ဝမှာလုပ် မှာဖြစ်တယ်။ အဲဒီမှာ အဓိကစစ်ဆေးရေးဂိတ် လုပ်ပြီးမှ အန္ဒိယဖက်က စက်ယတ္တရားတွေ လူတွေသွင်းဖို့ ကျွန်တော်တို့ညှိနှိုင်းထားပြီးပါပြီ။ ပလက်ဝဆိပ်ကမ်းကနေပြီးတော့ ချင်းပြည်နယ် အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သွင်းလို့ရမယ်။ ဒီလိုကောင်းမွန်တဲ့အတွက် မြန်မြန်ဖြစ်စေချင်တာ လက်ရှိမှာတော့ AAလှုပ်ရှားမှုတွေကြောင့် စီမံကိန်းရှေ့ဆက်ဖို့ အခက်ခဲတွေဖြစ်နေသေးတယ်”ဟုပြောသည်။

ပလက်ဝဆိပ်ကမ်း ဖက်စုံစီမံကိန်းပြီးဆုံးပါက ရခိုင်ပြည်နယ် စစ်တွေမှ တန်သောင်းချီကုန်များကို သဘောၤဖြင့် သယ်ဆောင်လာနိုင်မည်ဖြစ်သလို အိန္ဒိယအလယ်ပိုင်းမှ တစ်ဆင့် ကုန်များကို အရှေ့တောင်အာရှ၊ ဥရောပဖက်အထိ ကုန်သွယ်မှုရှိလာမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် စီးပွားရေးအခွင့်အလမ်းတိုးလာမည်ဖြစ်သလို အခွန်ရရှိမှု များလည်း တိုးလာမည်ဖြစ်ကြောင်း ဦးစိုးထက်ကပြောသည်။

စီမံကိန်းမြစ်ဝမှ အိန္ဒိယဖက်ပေါက်မည့်လမ်းမှာ ခြောက်ဆယ့်ရှစ်မိုင်ဝန်းကျင်ဝေးပြီး အဆိုပါစီမံကိန်းအတွက် ရက္ခိုင့်တပ်မတော်မှ နှောက်ယှက်မှုများရှိနေပြီး လုပ်သားများကိုဖမ်းစီးမှုများလည်း ရှိခဲ့သည်။ အဆိုပါ အဖမ်းခံရသည့် အလုပ်သမားများကို မကြာသေးမီက ရက္ခိုင့်တပ်မတော်ဖက်မှ ပြန်လွှတ်ပေးခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...