လိုင်လင်ပီးလေယာဉ်ကွင်း ၂၀၂၀ခုနှစ် မေလတွင် အပြီးသတ်နိုင်ရန် ဆောင်ရွက်နေဟုဆို

လိုင်လင်ပီးလေယာဉ်ကွင်း ၂၀၂၀ခုနှစ် မေလတွင် အပြီးသတ်နိုင်ရန် ဆောင်ရွက်နေဟုဆို

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ လိုင်ပီးမြို့တွင် တည်ဆောက်လျက်ရှိသည့် လိုင်လင်းပီးလေယာဉ်ကွင်းငယ်အား ၂၀၂၀ခုနှစ် မေလေတွင် အပြီးသတ်တည်ဆောက်ရန်အတွက် လုပ်ငန်းများတိုးတက်လုပ်ဆောင်နေကြောင်း အဆိုပါလေယာဉ်ကွင်းအတွက် တာဝန်ယူထားသည့် MAF-Myanmar (Mission Aviation Fellowship)၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

MAF-Myanmar၏ ဖော်ပြထားချက်အရ လေယာဉ်ကွင်းငယ်တည်ဆောက်ခြင်းလုပ်ငန်းကို မိုးမများခင် နေ့စဉ်အချိန်ပေး တည်ဆောက်နေပြီး လေယာဉ်ကွင်းတည်ဆောက်ရန်အတွက် လိုအပ်နေသည့် ကျောက်များကိုလည်း စတင်တူးဖော်နေပြီဖြစ်ကြောင်းသိရသည်။

လိုင်လင်ပီးလေယာဉ်ကွင်းငယ်ကို ၂၀၁၈ခုနှစ် တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး MAF-Myanmar နှင့် Health And Hope တို့ ပူးပေါင်းတည်ဆောက်အကောင်အထည်ဖော်နေခြင်းဖြစ်ကာ ပြီးစီးပါက ၁၈ယောက်ဆန့် ဘက်စုံသုံးလေယဉ်ငယ်များဆင်းသက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလေယာဉ်ကွင်းငယ်မှာ ပြေးလမ်းအရှည် မီတာ ၈၀၀ (ပေ၂၆၀၀ ဝန်းကျင်) ရှိမည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရမှ ဖော်ဆောင်နေသည့် ဖလမ်းလေယာဉ်ကွင်းအတွက် အထောက်အကူပြုမည့် မဟာဗျူဟာမြောက်ငါးနှစ်စီမံကိန်းအတွင်း ပါဝင်ကြောင်းသိရသည်။

လိုင်လင်ပီးလေယာဉ်ကွင်းတည်ဆောက်နေသည့် လိုင်လင်းပီးမြို့မှာ ချင်းပြည်နယ်အတွင်းရှိ ဆက်သွယ်သွားလာရ ခက်ခဲသည့်ဒေသတွင်ပါဝင်ပြီး အဆိုပါလေယာဉ်ကွင်းပြီးစီးပါက ရန်ကုန်မှ မိနစ်ကိုးဆယ်သာ ကြာမြင့်မည်ဖြစ်ကာ အဆိုပါဒေသဝန်းကျင်ရှိ လူဦးရေ လေးသောင်းဝန်းကျင်ကို တိုက်ရိုက်ဆက်သွယ်မှုပေးနိုင်ဖြစ်ကြောင်းသိရသည်။

လိုင်လင်ပီးလေယာဉ်ကွင်းတည်ဆောက်ရန် ၂၀၁၇ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားပြီး အမေရိကန် ၂.၂သန်းခန့် ဖြင့် ၂၀၂၀ခုနှစ်တွင် အပြီးတည်ဆောက်ည်ဟုသိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...