ကချင်စစ်ရှောင်များ ရှေ့ရေး KBC နှစ်ခြင်းအဖွဲ့ချုပ် ဆွေးနွေး

ကချင်စစ်ရှောင်များ ရှေ့ရေး KBC နှစ်ခြင်းအဖွဲ့ချုပ် ဆွေးနွေး

ကချင်ပြည်နယ်က ၈ နှစ်ကြာ စစ်ဘေးဒုက္ခသည်များနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က သက်ဆိုင်သော စစ်ပြေးဒုက္ခသည်စခန်း ခေါင်းဆောင်များနှင့် ၂ ရက်သာ တွေ့ဆုံဆွေးနွေး ခဲ့သည်။

သြဂုတ် (၁၉) နှင့် (၂၀)ရက်အတွင်း KBC အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး လက်ရှိ စစ်ရှောင်များတွင် အမြင်မတူဖြစ်သော နေရပ်ပြန်ရေး မပြန်ရေး အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ဟု KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ Sara Hkali (ဆရာခါးလီ)ပြောပါသည်။

“စစ်ရှောင် ၈ နှစ်ကျော်လာတဲ့အချိန် ရှေ့ဆက်ဘယ်လိုသွားကြမလဲ ဆွေးနွေးပါတယ်။ အခုလက်ရှိမှာ တချို့က ပြန်ချင်လို့ ပြန်သွားကြပြီ။ တချို့ကတော့ အဖွဲ့အစည်းတစ်ခုခု ဦးဆောင်းပြီး အာမခံရှိရှိ နေရပ်ပြန်ဖို့ လုပ်မှာဘဲလို့ စောင့်ဆိုင်းနေကြတယ်။ ပြီးတော့ နေရပ်ပြန်ဖို့ မသင့်တော့ဘူး ဒီမှာ ဆက်နေထိုင်သွားတော့မယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်” ဟု ပြောဆိုသွားပါသည်။

ထို့ပြင် လက်ရှိ ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေသလို ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲ ပြန်လည် ပြင်းထန်လာလျှင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း တိုင်ပင်ထားသည်ဟု ထပ်မံ ပြောဆိုပါသည်။

အဆိုပါ ၂ ရက်သာ ပြုလုပ်သည့် ကချင်စစ်ရှောင်များ၏ ရှေ့ရေးဆွေးနွေးပွဲကို ပြည်နယ်အတွင်း နေရာအနှံ့မှ စစ်ရှောင်စခန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ပြောပါသည်။

လက်ရှိတွင် ကချင်စစ်ရှောင်အားလုံး နေရပ်ပြန်နိုင်ရန် ကချင်ခရစ်ယာန်အသင်းတော်ပေါင်းစုံ ပါဝင်သော ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ KHCC နှင့် အစိုးရပြန်လည်နေရာချထားရေးအဖွဲ့တို့ ဆွေးနွေးနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ဇူလိုင်လတွင် နေပြည်တော်၌ နောက်ဆုံး တွေ့ဆုံခဲ့သည်။

၎င်းဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြသည့် ‘နေရပ် ပြန် အခြေချသင့်သည့် ကျေးရွာများမှ ဒေသခံများခိုလှုံနေသော စစ်ရှောင်စခန်းများသို့ Kachin Humanitarian Concern Committee နှင့် အစိုးရကိုယ်စားလှယ်များ သွားရောက်လည်ပတ်မည့် အချက်’ ကိုပင် ယခုထိ အကောင်ထည် မဖော်နိုင်သေးကြောင်း သိရပါသည်။

ကချင်တစ်ကျော့ပြန် တိုက်ပွဲ (၈)နှစ်ပြည့်လာချိန် ပြည်နယ်အနှံ့ တိုက်ပွဲသံနည်းလာသဖြင့် ဒေသခံအချို့ မိမိတို့ နေရပ်ပြန်ကာ ပြန်လည်ထူထောင်ရေး၊ စိုက်ပျိုးရေး လုပ်ကိုင်လာသည်ကို တွေ့ရပါသည်။

သို့သော်လည်း ၎င်းတို့အတွက် လုံလောက်သော ပြန်လည်ထူထောင်ရေး လူသားချင်း စာနာထောက်ထားမှု အကူညီကို မည်သည့်အဖွဲ့မှ ကူညီထောက်ပံ့ခြင်း မရှိသေးကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...