မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေးတိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေးတိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည် လျက်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ ကျင်းပသည့် မြန်မာ- ဂျပန်- အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ပြောခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံ အထိ တိုးတက် လာခဲ့ပါတယ်။ထို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး တိုးတက်မှုအမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ ဖိုရမ်ကို ကျင်းပရခြင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း(Myanmar Investment Promotion Plan-MIPP) တို့အရ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ထို့အပြင်အစိုးရ၏ပြုပြင်ပြောင်းလဲမှုများကြောင့်ကုမ္ပဏီသစ်များ၊ပြည်တွင်းနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုတွင်ကျယ်လာသည်ကိုတွေ့နိုင်ကြောင်းဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှမြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံသည်ကို ကြိုဆိုကြောင်း ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်၌ ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်သော Suzuki နှင့် Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ပါကြောင်း၊ထို့အပြင် မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံများကို ကြိုဆို ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“General Electric၊ Chevsron နှင့် Ford ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု များသည် မြန်မာနိုင်ငံအတွက် လိုအပ် သည့် အရည်အသွေးရှိပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Overseas Private Investment Corporation မှ မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Apollo Towers ကုမ္ပဏီ မှ တစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိသော တာဝါတိုင် ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ပါတယ်”ဟု အမေရိကန် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းဇယားများအရ ဂျပန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်း အသီးသီးရှိကြောင်း သိရသည်။

ဓာတ်ပုံ - Myanmar State Counsellor Office  

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...