မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရ သေဆုံး

မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရ သေဆုံး

လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာတွင် နေထိုင်သည့် မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်သို့ သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး သေဆုံးခဲ့သည်။

“ညက ဖြစ်ဖြစ်ပြီးချင်း ရှမ်းလူငယ်အဖွဲ့က တစ်ယောက်က ဖုန်းဆက်တယ်။ မနက်ကျမှ အလောင်းသွားသယ်ရအောင်တဲ့။ ညဘက်က အခြေအနေသိပ်မကောင်းတော့လေ၊ ဖြစ်စဉ်ကို ညတွင်းချင်းတော့ သိတယ်။ သွားဖို့က အဆင်မပြေလို့ပါ” ဟု လားရှိုးမြို့ ပေးသောလက် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ် ၂၀ ရက်နေ့ ည ၈ နာရီခန့်တွင် မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်၏ နေအိမ် ပတ်ပတ်လည်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကာ နေအိမ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။



ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်သည် နေအိမ်၏ အိမ်သာအတွင်း၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ပြီး ဇနီးဖြစ်သူသည် နေအိမ်အဝင်ဝတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းလည်းဖြစ်သည်။

နေအိမ်ပတ်ပတ်လည်တွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး ၃ လုံး နှင့် လက်နက်ကျဉ်များကိုလည်း တွေ့မြင်ခဲ့ရသည်ဟု အလောင်းသွားရောက်သယ်ယူသည့် လားရှိုးမြို့ ပေးသောလက် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဌာနေ ပြည်သူ့စစ်များ ပါဝင်ခြင်းမပြုရန် သတိပေးစာတစ်စောင်ကို ပြီးခဲ့သည့် ရက်ပိုင်းက မြောက်ပိုင်းမဟာမိတ် အဖွဲ့များမှ ထုတ်ပြန်ထားသည်။

မြောက်ပိုင်းအဖွဲ့များမှ ယင်းသို့ထုတ်ပြန်ပြီး မကြာမီ ပြည်သူစစ်ခေါင်းဆောင်တစ်ဦး၏ နေအိမ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ - pradeep basnate

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...