ကုမ်သီခန်းမဝန်းအတွင်း စံပြရပ်ကွက်အုပ်ချုပ်ရေးရုံး ဆက်ဆောက်ပါက ဆန္ဒဖော်ထုတ်ကန့် ကွက်မည်ဟုဆို

ကုမ်သီခန်းမဝန်းအတွင်း စံပြရပ်ကွက်အုပ်ချုပ်ရေးရုံး ဆက်ဆောက်ပါက ဆန္ဒဖော်ထုတ်ကန့် ကွက်မည်ဟုဆို

မင်းတပ်မြို့တွင်ရိုးရာနတ်ပွဲများ/ယဉ်ကျေးမှုပွဲများ ကျင်းပလေ့ရှိသည့် ကုမ်သီခန်းမဝန်းအတွင်း  စံပြရပ်ကွက် အုပ်ချုပ်ရေးရုံးအဖြစ် တည်ဆောက်ခြင်းကို ကန့်ကွက်သည့်အကြားက ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်ပါက လမ်းလျှောက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နတ်ဘာသာနှင့် ကုမ်သီခန်းမဆောင်ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးဟာအွမ်ကပြောသည်။

ဦးဟာအွမ်က “ခန်းမဝန်းကိုဖဲ့ပြီး စံပြရပ်ကွက်ရုံးဆောက်ဖို့ ဆိုပြီးတော့ အထက်ကို လျှောက်လွှာတင်တော့ အထက်က  ပုံစံ ၁၀၅/၁၀၆ ချပေးပြီးတော့ ခွင့်ပြုတယ်။ အဲဒါကို ကျွန်တော်တို့ကန့်ကွက်တယ်၊ ကန့်ကွက်တဲ့ကြားက ရပ်ကွက်ဥက္ကဌကလည်း ဂရုမစိုက်ဒီအတိုင်းဘဲ သဲတွေချပြီး ဆောက်ဖို့ပြင်နေကြပြန်ပြီ ။ မြို့ပေါ်မှာ ကန့်ကွက်စာတွေ တင်ပြီးပြီ။ ပြည်နယ်ကိုလည်း စာပို့မယ်။ နောက်ပြီး သသာနာရေးနှင့် ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီးဆီ စာအရောက်ပို့မယ်။ အဲလိုပို့လို့မှ အဆင်မပြေဘူးဆိုရင် နိုင်ငံတော်အကြံပေးဒေါ်အောင်ဆန်းစုကြည် ဆီလည်းတိုင်မယ်။ နောက်ဆုံး ဒီလိုမှ အဆင်မပြေရင် သပိတ်စခန်းဖွင့်ပြီးတော့ ကျွန်တော်တို့ သပိတ်မှောက်မယ်”ဟုပြောသည်။

ကုမ်သီခန်းမနေရာတွင် စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်ရန် မြေအဓ္ဓမသိမ်းယူပြီး လွှဲပြောင်းခြင်းများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော် အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့အကြားချုပ်ဆိုခဲ့ကြသော စည်းကမ်းချက်များချိုးဖောက်ရာ လည်း ဖြစ်ကြောင်း ဦးဟာအွမ်ကပြောသည်။

သူကဆက်ပြီး “ဒီလိုလုပ်ခြင်းဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကို ချိုးဖောက်တာလည်းဖြစ်တယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ထဲက စည်းကမ်းချက်ထဲမှာ ပြည်သူတို့ရဲ့မြေနေရာကို အဓ္ဓမ မသိမ်းရ အဓမ္မသိမ်းပြီးတော့ လွှဲပြောင်းခြင်းမပြုရ ဆိုပြီးတော့ တားမြစ်တဲ့ အချက်ကိုလည်း သူတို့ ချိုးဖောက်ရာလည်းကျတယ် ဆိုပြီးမှ ခရိုင်အုပ်ချုပ်ရေးမှူးဆီလည်းလိပ်မူပြီးတော့ ပို့တယ်၊ သက်ဆိုင်ရာဌာနကိုလည်း ပို့တယ်”ဟု ဦးဟာအွမ်ကပြောသည်။

လက်ရှိရပ်ကွက်ရုံးတည်ဆောက်ရန်  စီစဉ်နေသည့် မြေနေရာသည် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းလက်ထက်တွင် မြို့တော်ခန်းမဆောက်လုပ်ရန် သိန်းခြောက်ထောင်ဖြင့် ရာထားသော်လည်း မြို့သူမြို့သားများမှ ၎င်းနေရာသည် ရိုးရာယဉ်ကျေးမှု ကျင်းပရန်နေရာဖြစ်ကြောင်း လက်မှတ်ရေးထိုးကန့်ကွက်ခဲ့ကြပြီး မြို့တော်ခန်းမတည်ဆောက်ရေး အစီအစဉ်မထမြောက်ခဲ့ကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...