မန်လွယ်ရွာနှင့် နမ့်ခိုင်တံတားအကြား လူ ၄၀ ခန့်ပိတ်မိ၊ စားနပ်ရိက္ခာပြတ်လပ်နေ

မန်လွယ်ရွာနှင့် နမ့်ခိုင်တံတားအကြား လူ ၄၀ ခန့်ပိတ်မိ၊ စားနပ်ရိက္ခာပြတ်လပ်နေ
ဓာတ်ပုံ- မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖက်ကာ)
ဓာတ်ပုံ- မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖက်ကာ)

ကွတ်ခိုင်မြို့နယ်ရှိ မန်လွယ်ရွာနှင့် နမ့်ခိုင်တံတားအကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကား ၉စီးနှင့် လူ ၄၀ ခန့်ပိတ်မိကာ စားနပ်ရိက္ခာများပြတ်လပ်နေကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ) မှ သိရသည်။

၎င်းတို့မှာ သြဂုတ်လ ၁၇ ရက်နေ့ခန့်မှစတင်ကာပိတ်မိနေခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၉ ရက်ကတည်းက စားနပ် ရိက္ခာများ ပြတ်လပ်နေပြီဖြစ်ကြောင်းလည်းသိရသည်။

“တို့ကလည်း လူမှုရေးအသင်းတော့ လူမှုရေးအသင်းပဲ တို့ကိုယ်တိုင်လည်းထွက်လို့မရတော့ မတတ် နိုင်ဘူးဖြစ်နေတယ်” ဟု မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းမကြီးပေါ်၌ လုံခြုံရေးအတွက်ဟုဆိုကာ ကားများနှင့် လူများကို မြောက်ပိုင်း မဟာမိတ်ဘက်မှ သွားလာခွင့်မပေးဘဲ တားဆီးထားကြောင်း ထို့အပြင် တစ်ရွာနှင့် တစ်ရွာသို့ကူးလူး ဆက်ဆံခြင်းမျိုးကိုလည်း ခွင့်မပြုထားကြောင်းသိရသည်။

ထို့ကြောင့် မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)မှ ပို့ဆောင်မည့်ရိက္ခာများအတွက် မှန်ကန်မှု ရှိ/မရှိ အပေါ် လုံခြုံမှုစိတ်မချသည့်အဖွဲ့မှ လူကိုယ်တိုင်ပါဝင်စစ်ဆေးခံနိုင်ပါကြောင်းနှင့် ကူညီနိုင်ပါကအမြန်ဆက်သွယ်ပေးနိုင်ပါရန် အကူအညီတောင်းခံထားသည်။

အလားတူ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဖက်ကာကြားတွင်လည်း ပိတ်မိနေသူများရှိနေသေးသော်လည်း အဆက် အသွယ်မရရှိသေးကြောင်း သိရသည်။

တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ သြဂုတ် ၁၈ ရက်နေ့အထိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့အကြား တိုက်ပွဲကြီး၊ ငယ် ၃၀ ခန့်အထိရှိခဲ့ပြီး အများစုမှာ ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပိတ်မိနေသူများအတွက် အကူအညီပေးလိုပါက မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)သို့ ဆက်သွယ် ရန် ဖုန်းနံပတ်များမှာ 09973999485 09၊ 09788294167၊ 09258419094 08267019၊ 08267199 တို့ဖြစ် သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...