e-Visa အလွယ်တကူလျှောက်ထားနိုင်ရေးစင်တာ ကျန်ဖိုင်းမြို့တွင်ထားရှိမည်

e-Visa အလွယ်တကူလျှောက်ထားနိုင်ရေးစင်တာ ကျန်ဖိုင်းမြို့တွင်ထားရှိမည်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ်ကိုဖြတ်သန်းကာ မြန်မာနိုင်ငံကိုလည်ပတ်ချင်သူများအနေဖြင့် e-Visa (အွန်လိုင်းမှလျှောက်ထားရသည့် ဗီဇာ) အလွယ်တကူလျှောက်ထားရယူနိုင်ရေးအတွက် e-Visa ကူညီဆောင်ရွက် ပေးရေစင်တာကို ကျန်ဖိုင်းမြို့တွင်ထားရှိမည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga သည် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ကျန်ဖိုင်းခရိုင်အထွေထွေအုပ်ချူပ်ရေးမှူး Dr Naveen Aggarwal နှင့် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းသွားလာလိုသူများအနေဖြင့် အင်တာနက်ကိုအသုံးပြု၍ အလွယ်တကူ e- Visa လျှောက်ထားနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အခြေစိုက် The Aizawl Post တွင်ဖော်ပြသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga ၏ တောင်းဆိုချက်အရ e-Visa အလွယ်တကူထုတ်ယူနိုင်ရေးအတွက် ကျန်ဖိုင်းမြို့တွင် e- Visa Facilitation Center (E Visa ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးရေစင်တာ) တစ်လ၊ နှစ်လ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဟုသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၁၆ ရက်နေ့ကလည်း ဝန်ကြီး TJ Lalnuntluanga နှင့်အတူ တာဝန်ရှိသူများ ချင်းပြည်နယ်နယ်စပ် ရိခေါဒါရ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ကာ လုပ်ငန်းသွားလာပုံ၊ ရှေ့လုပ်ငန်းစဉ်နှင့် e-Visa ကိစ္စ များ ပြောဆိုဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် တမူး-မိုးလေးဂိတ်နှင့် ရိခေါဒါရ်-ဇိုခေါထာရ်ဂိတ်တို့ကို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက သတ်မှတ်ခဲ့ကြသည်။

နိုင်ငံတကာဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်ပြီးသည့်နောက်ပိုင်း ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် ကမ္ဘာ့လှည်ခရီးသွားများအ နေဖြင့် အဲဆိုပါဂိတ်တို့မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ထွက်လည်ပတ်နိုင်မည့်အပြင် e-Visa လျှောက်ထားပြီးလည်း ဝင်ရောက် နိုင်မည်ဖြစ်သည်။

သို့သော်လည်း မီဇိုရမ်ပြည်နယ်တွင် e-Visa လျှောက်ထားနိုင်ရေးသတ်သတ်မှတ်မှတ်ဆောင်ရွက်ထားခြင်းမရှိသေးသည့် အတွက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...