တရားမဝင် ဆိုင်ဖွင့်သော တရုတ်နိုင်ငံသား ၃ဦးကို ကချင်ပြည်နယ်အစိုးရ ဖမ်းဆီး

တရားမဝင် ဆိုင်ဖွင့်သော တရုတ်နိုင်ငံသား ၃ဦးကို ကချင်ပြည်နယ်အစိုးရ ဖမ်းဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ပစ္စည်းအရောင်းဆိုင်များဖွင့်ကာ စီးပွားရေးလုပ်ကိုင်နေသော တရုတ်နိုင်ငံသား (၃)ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြည်နယ်အစိုးရမှ ဖမ်းဆီး အရေးယူထားကြောင်း ဆိုပါသည်။

သြဂုတ်လ (၁၄)ရက်နေ့ Waingmaw (ဝိုင်းမော်)မြို့ ရပ်ကွက်(၃)မှာ ‘ရှမ်းနန်’ အမည်ရှိ ကားပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တရုတ်အမျိုးသမီး (၁)ဦး နှင့် ၎င်းဆိုင်အနီး ကပ်ရပ် သစ်သျှူးငှက်ပျော စိုက်ခင်းအတွင်း အသုံးပြုပစ္စည်းရောင်းချပေးနေသောဆိုင်မှ တရုတ်အမျိုးသား (၂)ဦး၊ စသည့် စုစုပေါင်း (၃)ဦးတို့ကို လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့်ထားပြီး လက်ရှိ ၎င်းတို့ကို ဝိုင်းမော်မြို့နယ်ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးအားဆီ (Ah Si)မှ ကချင်သတင်းဌာန KNG ယခုလို ပြောပါသည်။

“သူတို့နေထိုင်တာက တရားဝင်ဖြစ်တယ်။ ဒါပေမယ့် တရားမဝင်ဈေးရောင်းတာပါ။ သူတို့ကို အကြိမ်ကြိမ်ပြောပြီးပြီ။ ပြည်နယ်ကနေ တရားဝင်ကြေညာထားပြီ။ ဆိုင်တွေရောင်းမယ် ဆိုရင် သက်ဆိုင်ရာ ဌာနကို ခွင့်ပြုမိန့်တောင်းရမယ်ဖြစ်တယ်။ အခုကတရားမဝင် လုပ်ကိုင်တဲ့အတွက် လ.ဝ.က ဥပဒေနဲ့အရေးယူထားတယ်” ဟုဆိုသည်။

အဆိုပါ လ.ဝ.က ဥပဒေ ချိုးဖောက်သော တရုတ်နိုင်ငံသားများကို တရားရုံးမှ ဒဏ်ငွေ ကျပ် (၁၀)သိန်းအထိ ချမှတ်ခွင့်ရှိသော်လည်း လက်ရှိဝိုင်းမော်မြို့နယ်တရားရုံးမှ ပုံမှန် ကျပ် (၅)သိန်းအောက် ချမှတ်ကာ ပြန်လွှတ်ပေးလျက်ရှိကြောင်း မေးမြန်းသိရသည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...