ဟားခါးကျူးကျော်အိမ်များဖျက်သိမ်းချိန် မီဒီယာများ သတင်းယူခွင့်ပြုမည်ဟု ဝန်ကြီးဦးစိုးထက်ပြော

ဟားခါးကျူးကျော်အိမ်များဖျက်သိမ်းချိန် မီဒီယာများ သတင်းယူခွင့်ပြုမည်ဟု ဝန်ကြီးဦးစိုးထက်ပြော

ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း တရားမဝင်နေအိမ်များဆောက်လုပ်သည့် ကျူးကျော်အိမ်များကို ဖျက်ဆီးသည့်အခါ တွင် သတင်းမီဒီယာများကို သတင်းယူခွင့်ပြုမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကေ ပြာသည်။

ချင်းပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဟားခါးမြို့သစ်စီမံကိန်း ဧက (၆၇၆) အတွင်း ကျူးကျော်နေအိမ်များကိုဖျက်သိမ်းသည့်အချိန်တွင် မီဒီယာအဖွဲ့များ ဝင်ရောက်သတင်းယူခွင့်ပြုမည်မဟုတ်ဟု သတင်းထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာနမှ ဝန်ကြီးဦးစိုးထက်ကို သီးသန့်မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားခဲ့သည်။

“မဟုတ်ပါဘူး၊ ဒါက ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ရမယ့်အလုပ်လေ။ ဒါဟာ လျှိူ့ဝှက်လုပ်ရမည့်အလုပ်လည်း မဟုတ်ဘူး။ ကျတော်တို့ ရက်ပေါင်း ၆၀ အတွင်း အကြိမ်ကြိမ် သတိပေးတာလေ။ ရက်ပေါင်း ၆၀ ကိုလည်း အခုအများကြီး ကျော်လာပါပြီ။ လူထုကို မနစ်နာစေချင်တဲ့အတွက် အခုလို သတိပေးမှု အကြိမ်ကြိမ်လုပ်လာတာပါ” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆိုပါသည်။

ဟားခါးမြို့မြို့သစ်စီမံကိန်းဧရိယာတွင် အစိုးရခွင့်ပြုချက်မရှိပဲတည်ဆောက်ထားသည့် ကျူးကျော်အိမ်များကို သြဂုတ်လ ၉ ရက်နေ့က အင်အားသုံးပြီး ဖျက်သိမ်းရန် ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားသော်လည်း ခရစ်ယာန်အမှု တော်ဆောင်ဆရာများအဖွဲ့၏ တောင်းဆို မှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့သို့ နောက်ဆုတ်ထားသည်။

အစိုးရသတ်မှတ်ထားသည့်ရက်အတွင်းမှာ မိမိဘာသာ နေအိမ်များမဖျက်သိမ်းပါက အင်အားသုံးဖယ်ရှားရန် ချင်းပြည်န ယ်အစိုးရအဖွဲ့က စီစဉ်နေခြင်းဖြစ်သည်။

ဦးစိုးထက်က “ကျူးကျော်အိမ်တွေကို ပိုင်ရှင်များအနေဖြင့် မိမိဘာသာဖျက်ဆီးကြဖို့ ဘာသာရေးခေါင်းဆောင်တွေက ဘုရားကျောင်းတွေမှာလည်း ဆော်သြပြီးပြီ၊ အစိုးရကလည်း ဖျက်သိမ်းဖို့ အကြိမ်ကြိမ် သတိပေးနေပြီးမှ အခုထက်ထိ မဖျက်သိမ်းဘူးဆိုတာတော့ ကျူးကျော်သူများအနေနဲ့ စဉ်းစားသင့်ပြီ” ဟုဆိုသည်။

ကျူးကျော်အိမ်များ ဖျက်သိမ်းသည့်အခါ ထွေအုပ်၊ စည်ပင်၊ ရဲ၊ မီးသတ်၊ မြေစာရင်းရုံ၊ သစ်တောဌာနတို့မှ စုစပေါင်း လူအင်အား ၁၀၀ ကျော်ပါဝင်မည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...