ဆဲဗင်းဂျူလိုင် ချီတက်အလေးပြုမှုဖြင့် တရားစွဲဆိုခံထားရသည့် တကသကျောင်းသားနှစ်ဦး အမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ဆဲဗင်းဂျူလိုင် ချီတက်အလေးပြုမှုဖြင့် တရားစွဲဆိုခံထားရသည့် တကသကျောင်းသားနှစ်ဦး အမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ဆဲဗင်းဂျူလိုင် ချီတက်အလေးပြုမှုဖြင့် တရားစွဲဆိုခံထားရသည့် တကသကျောင်းသားနှစ်ဦးအမှုကို လာမည့်ရုံးချိန်းတွင် အမိန့်ချမယ်လို့ လှိုင်မြို့နယ် တရားရုံးက သိရသည်။

ဆဲဗင်းဂျူလိုင်နေ့ ချီတက်ရာတွင် ပါဝင်ခဲ့သည့် တကသကျောင်းသားနှစ်ဦးဖြစ်သည့် ဇင်မင်းဖြိုးနှင့် မင်းဟန်ထက် တို့ကို လှိုင်မြို့နယ်တရားရုံးတွင် ဩဂုတ်၁၄ရက်နေ့က ခြောက်ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါရုံးချိန်းတွင် ဥပဒေအရာရှိဘက်မှ လျှောက်လဲချက်ပေးခဲ့ပြီး ကျောင်းသားများဘက်မှ တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် မည်သည့်လျှောက်လဲချက်မှမပေးခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ပြစ်ဒဏ်ကိုအသိအမှတ်ပြုမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အပြစ်မရှိဘူးလို့ ယူဆထားပါတယ်" ဟု ဇင်မင်းဖြိုးက ရုံးထုတ်စဉ် မီဒီယာများသို့ပြောကြားသည်။

ဆဲဗင်းဂျူလိုင်နေ့ ချီတက်ရာတွင် ပါဝင်ခဲ့သည့်ကျောင်းသားရှစ်ဦးကို ပုဒ်မ၁၉ဖြင့် ဇူလိုင်၁၈ရက်တွင် စတင် တရားစွဲဆိုခဲ့ပြီး တကသကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် အင်းစိန်ထောင်သို့ ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ချီတတ်ရာ၌ ပါဝင်ခဲ့ကြသည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးကို ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး တကသကျောင်းသားနှစ်ဦးကိုမူ လှိုင်မြို့နယ်တရားရုံးတွင်စွဲဆိုထားခြင်း ဖြစ်သည်။

"ဒီနေ့ဥပဒေအရာရှိဘက်က လျှောက်လဲချက်ပေးတယ်။ နောက်ပြီး ကျွန်တော်တို့တရားစပြီး ရင်ဆိုင်ခဲ့တုန်းက လိုပါပဲ တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ပုံစံနဲ့ ဘဲဆက်ပြီးသွားနေပါတယ်။ လာမယ့် အင်္ဂါနေ့ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ကို အမိန့်ချမယ်ပြောပါတယ်။ ဘယ်လိုအမိန့်ချမလဲဆိုတာ ကျွန်တော်တို့ မခန့် မှန်းတတ်သေးပါဘူး။ ငွေဒဏ်ချမှတ်ခဲ့တယ်ဆိုရင်ငွေဒဏ်ကိုရွေးချယ်မှာမဟုတ်ပါဘူး"ဟု မင်းဟန်ထက်က ပြောသည်။

၁၉၆၂ခုနှစ် ဇူလိုင်ရရက်တွင် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံ မြေနေရာတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကို ဇူလိုင်ရရက် နံနက်ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)မှ မွန်းလွဲ၂နာရီတွင် အင်းလျားကန်ဘောင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ချီတက်မှုများနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ်တွင်ဖမ်းဆီးခဲ့ခြင်းများ ရှိခဲ့သော်လည်း နိုင်ငံရေး အသိုင်း အဝိုင်း၏ ဝေဖန်မှုများကြောင့် တရားစွဲဆိုဖမ်းဆီးခြင်း မရှိခဲ့ဘဲ နှစ်စဉ်ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် စတင်တရားစွဲဆိုခြင်းဖြစ်သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...