တီးတိန်ပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေးဖြစ်သည့် ကလေးငယ်များပြီး လက်ထောက်ဆရာဝန်လုံလောက်မှုမရှိ

တီးတိန်ပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေးဖြစ်သည့် ကလေးငယ်များပြီး လက်ထောက်ဆရာဝန်လုံလောက်မှုမရှိ

ချင်းပြည်နယ် တီးတိန်မြို့ ကုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ် ကွေး ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ် ယခုရက်ပိုင်းအတွင်း ပိုများလာပြီး ကုသမှုပိုင်းတွင် လက်ထောက်ဆရာဝန်လုံလောက်မှုမရှိသည့်အတွက် အခက်ကြုံနေကြရကြောင်း သိရသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံ ကိုထားတွောင်က “ သွေးလွန်တုပ်ကွေး လည်းပါတယ်ပေါ့ အဓိကရာသီတုပ်ကွေး အပူအားကြီးတာပေါ့ ကလေးတွေဆေးရုံတက်တဲ့ဦးရေ တအားများလာတာတယ်၊ ပြီးတော့တဖက်မှာလည်း ဆရာဝန်မလုံလောက်ကြဘူး မြို့နယ်ဆေးရုံရဲ့အနေအထားအနေနဲ့ လောလောဆယ် အထူးကုဆရာဝန် (၇) ယောက်ရှိတယ် သူ့ရဲ့ ဖွဲ့စည်းပုံအရအထူးကုဆရာဝန် တစ်ယောက်မှာ အနည်းဆုံး လက်ထောက်ဆရာဝန်သုံးယောက်နဲ့တွဲရမယ်၊ အခုအထူးကုဆရာဝန် (၇) ယောက်ရှိပေမယ့် လက်ထောက်ဆရာဝန်က အားလုံးပေါင်းမှ (၃) ဦးပဲရှိတယ် ဆိုတော့ ဥပမာကလေးတွေ ဆေးရုံတက်နေတဲ့အတိုင်းအတာမှာဆိုလို့ရှိရင် ညပိုင်းတွေမှာ အရေးပေါ်ဖြစ်လာလျက်ရှိတယ် အဲလိုမျိုးတွေဖြစ်တဲ့အခါကျရင် ဆရာဝန်သုံးယောက်နဲ့က ဘယ်လိုမှပြန်ပြီး ကင်းမလှည့်နိုင်တာပေါ့” ဟု ပြောသည်။

ယခုလက်ရှိ တီးတိန်ပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေးရောဂါခံစားနေရသည့် လူနာမည်မျှတက်ရောက်ကုသမှု ခံယူနေသည့်ကို အတိအကျမသိရသော်လည်း ကလေးငယ် ၃ ဦးမှာ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ သည်ဟု ကိုထားထွောင်ကဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့ပြည်သူ့ဆေးရုံအုပ်ကို အသေးစိတ်သိရှိရန် ဆက်သွယ်မေးမြန် းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ ကျန်းမာရေးကဏ္ဍပိုင်းတွင် လက်ထောက်ဆရာဝန် မလုံလောက်မှုသည် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်သည်သော်လည်း တီးတိန်မြို့နယ်သည် တခြားမြို့နယ်ထက်စာလျင် ဆရာဝန်ပိုပြည့်စုံသည်ဟု ပြောဆိုသည်။

“ကျွန်တော်တို့ တီးတိန်ရယ်မဟုတ်ဘူး ဟားခါးမှာလည်းမလုံလောက်ဘူး တစ်နိုင်ငံလုံးပဲ ပြီးခဲ့တဲ့ခေါက်က ၂၀၀၀ ခေါ်တာတောင် ၁၀၀၀ နေရာလောက်ပဲလျှောက်တယ် အဲဒါကြောင့် ဒါကတော့ ပြည်နယ်အစိုးရလုပ်နိုင်တဲ့အပိုင်းတော့မဟုတ်ဘူး၊ တီးတိန်မှာ အထူးကုတွေလည်းရှိပါတယ် ဆရာဝန်ကလည်း တခြားနဲ့စာရင်တော့ အပြည့်စုံဆုံးပါ’’ ဟု လူမှုရေးဝန်ကြီးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...