ကချင်ရွာသားများ ထိုင်းဘုရင်မ မွေးနေ့ အပင် ၉၀၀ ကျော် စိုက်ပျိုး

ကချင်ရွာသားများ ထိုင်းဘုရင်မ မွေးနေ့ အပင် ၉၀၀ ကျော် စိုက်ပျိုး

ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Mai Province ကချင်ရွာသားများက သြဂုတ် (၁၂)ရက် ဘုရင်မ မွေးနေ့မှာ ပထမဆုံး အပင်ပေါင်း ၉၀၀ ကျော် စိုက်ပျိုးခြင်းအစီစဉ်ဖြင့် ဂုဏ်ပြုခဲ့သည်။

ထိုင်းဘုရင် ရာမ (၉) တည်ထောင်ပေးခဲ့သည့် Chiang Dao ခရိုင် Ban Mai Samakee ကချင်ရွာသားများက Fang ခရိုင်အတွင်း လွန်ခဲ့သည့် ၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းတည်ခဲ့သော Htam Ngop Bum တောင်ပေါ်သို့ တက်လာပြီး ဘုရင်မမွေးနေ့ အထူး သစ်ပင်စိုက်ခြင်းအစီစဉ် ပြုလုပ်ခြင်းဖြစ်သည်။

ကချင်အမျိုးသားကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် နေရာပေးသော ထိုင်းဘုရင် နှင့် ဘုရင်မကို ကျေးဇူးတင်ခြင်းအားဖြင့်လည်း သစ်ပင်စိုက်ခြင်းဖြစ်သည်။

“လေးစားရတဲ့ ဘုရင်နဲ့ဘုရင်မကို ကျေးဇူးတင်ရခြင်းအကြောင်း၊ ပူတဲ့ဒေသမှ အေးတဲ့ဒေသဆီကို ရောက်လာပြီးတော့ ကျနော်တို့ကို နေစရာမြေ စီစဉ်ပေးတယ်။ လွန်ခဲ့တဲ့ GOC ရှိခဲ့တဲ့ ကာလ ကတည်းက ထိုင်းနိုင်ငံအထဲ ဝင်ခွင့်ရပြီး ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့က ကျနော်တို့ကို ကြိုဆိုခဲ့တယ်” ဟု ပထမဆုံး ကချင်တော်လှန်ရေး (KIO/KIA) ခေါင်းဆောင် GOC Lahtaw Zau Seng ကာလ KIA စစ်သားဟောင်း နှင့် Ban Mai Samakee ရွာသား ဦး Kareng Hkawng Hawng က ကချင်သတင်းဌာန KNG ကို ပြောပြသည်။

၁၉၇၆ ခုနှစ်နောက်ပိုင်း အရပ်ရပ်သို့ကွဲပြားနေသော ကချင်လူမျိုးများစုစည်းနေထိုင်လာကြသည့် ရွာသို့ ၁၉၈၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့တွင် ထိုင်းဘုရင် ရာမ(၉) Bhumibol Adulyadej နှင့် မင်းသမီး Sirindhorn အလည်အပတ်ရောက်ခဲ့ပြီး Ban Mai Samakee ကျေးရွာကို ကချင်ရွာ အဖြစ် တရားဝင်အတည်ပြုပေးခဲ့သည်။

ကချင်ရွာသားများဦးဆောင်သော တနင်္လာနေ့ Htam Ngop Majoi သစ်ပင်စိုက်ပျိုးခြင်းအစီစဉ်သို့ ထိုင်း Royal Project ဝန်ထမ်းများ၊ ထိုင်းဘုရင့်စစ်သားများ (Royal Thai Army)၊ ထိုင်းအစိုးရ သစ်တောဝန်ထမ်းများ၊ Fang ခရိုင် Sinjai တရုတ်ရွာသားများ နှင့် ထိုင်းနိုင်ငံရှိ KIA စစ်သားဟောင်းများလည်း ပူးပေါင်းပါဝင်ကြခြင်းကို တွေ့ရပါသည်။

၁၉၇၉–၁၉၈၀ ခုနှစ် ထိုင်းနိုင်ငံအတွင်း ကွန်မြူနစ်ဆန့်ကျင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင်လည်း KIA စစ်သားအချို့ ထိုင်းအစိုးရစစ်တပ်ဘက်တွင် ပါဝင်ကူညီခဲ့ကြောင်း ၎င်းတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဦး Hkawng Hawng က ဆိုပါသည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...