ခရစ်ယာန်အမှုတော်ဆောင်ဆရာများ၏ ညှိနှိုင်းပေးမှုကြောင့် ဟားခါးကျူးကျော်အိမ်များ ဖျက်သိမ်းမည့်ရက် နောက်ဆုတ်

ခရစ်ယာန်အမှုတော်ဆောင်ဆရာများ၏ ညှိနှိုင်းပေးမှုကြောင့် ဟားခါးကျူးကျော်အိမ်များ ဖျက်သိမ်းမည့်ရက် နောက်ဆုတ်

ဟားခါးမြို့မြို့သစ်စီမံကိန်းဧရိယာတွင် အစိုးရခွင့်ပြုချက်မရှိပဲတည်ဆောက်ထားသည့် နေအိမ်များကို ယနေ့သြဂုတ်လ (၉) ရက်နေ့၌ အင်အားသုံးပြီး ဖျက်သိမ်းရန် စီစဉ်ထားသော်လည်း ခရစ်ယာန်အမှုတော်ဆောင်ဆရာများအဖွဲ့၏ တောင်းဆို မှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့သို့ နောက်ဆုတ်လိုက်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ သြဂုတ်လ (၉) ရက်နေ့ကို ပထမလုပ်ဖို့စီစဉ်ထားတာ အခုကျွန်တော်တို့ဆီက ဒီဆရာတော်ကြီးတွေ ပါစတာနဲ့ သိက္ခာတော်ရဆရာတော်ကြီးတွေက ဂုဏ်းပေါင်းစုံလာပြီး ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အတွက် အဲဒါလေးနည်းနည်းလေးနောက်ဆုတ်လိုက်တာ အခု သြဂုတ်လ (၁၉) ရက်နေ့နောက်ဆုံးသတ်မှတ်လိုက်တာ ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာတော့ ဒီချိန်မှာပြောရင် အငြင်းပွားမှုဖြစ်လိမ့်မယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဧက ၆၇၆ ကျယ်ဝန်းသော ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဟားခါးမြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်သ ည့်နေရာတွင် ခွင့်ပြချက်မရှိဘဲ နေအိမ်ဆောက်သူများအနေဖြင့် အစိုးရသတ်မှတ်ထားသည့်ရက်အတွင်းမှာ မိမိဘာသာ နေအိမ်များဖျက်ပြီး မထွက်သွားပါက အင်အားသုံးဖယ်ရှားရန် ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေခြင်းဖြစ်သည်။

ဟာခါးမြို့သစ်စီမံကိန်းမြေနေရာသည် ဟားခါးမြို့မှ ထန်တလန်မြို့သွားကားလမ်းနဘေး ဂေါက်ကွင်းအနီးတွင် အကောင်ထည်ဖော်ဆောင်ခြင်းဖြစ်ပြီး နဂိုက လူနေအိမ် (၈) လုံးသာရှိပြီး စီမံကိန်းစတင်အကောင်ထည်ဖော်ကာ လမ်းများစဖောက်လုပ်သည့်နောက်ပိုင်း တဖြည်းဖြည်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်သူများလာပြီး လက်ရှိတွင် အိမ်ခြေ (၁၃၅) လုံးရှိနေပြီဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

သို့သော်လည်း အိမ်ဆောက်ပြီးနေထိုင်သူများက ၎င်းတို့နေထိုင်သည့်နေရာသည် ဘိုးဘွားပိုင်မြေများဖြစ်ကြောင်း သူတို့အား ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ချင်းပြည်နယ်အစိုးရအဖွဲ့က မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေဖြင့် သိမ်းယူသွားခြင်း ဖြစ် သည်ဟု ဆိုကာ ထိုနေရာမှ ထွက်ခွါရန် ငြင်းဆန်ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ဟားခါးမြို့တွင် ဒေသခံပြည်သူ ၇၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

(Photos Credit – The Chinland Post)

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...