ဖားတောင်တွင် ခရိုမိုက်နှင့် အိမ်အလှဆင်ကျောက်များတူးဖော်ရန် ကုမ္ပဏီတစ်ခုမှ လူထုသဘောထားကောက်ခံနေ

ဖားတောင်တွင် ခရိုမိုက်နှင့် အိမ်အလှဆင်ကျောက်များတူးဖော်ရန် ကုမ္ပဏီတစ်ခုမှ လူထုသဘောထားကောက်ခံနေ

ချင်းပြည်နယ်တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဖားတောင်ဟု လူသိများသောတောင်ပေါ်တွင် ခရိုမိုက်နှင့် အိမ်အလှဆင်ကျောက်များ တူးဖော်ထုတ်ယူခွင့်ရရှိရေးအတွက် ကုမ္ပဏီတစ်ခုမှ အနီးနားကျေးရွာဒေသခံများ၏ သဘောထားလက်မှတ်ကောက်ယူနေသည်ဟု မြွှေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဒိုခန့်မုံကပြောသည်။

“ဒီလိုပါ ကုမ္ပဏီက ၂၀၁၆ မှာလုပ်ပိုင်ခွင့် သူတို့စာတစ်ခုရထားတာ အဲဒါသုံးနှစ်သက်တမ်းကအခုပြည့်သွားပြီ သက်တမ်းတိုးချင်တာ သက်တမ်းတိုးချင်တော့ သက်ဆိုင်ရာက ဒေသခံတွေသဘောထားကိုတောင်းတာ အဲဒီတော့ ဒေသခံအဲဒီနားကလူတွေကို ကျောက်တူးချင်ရင်ဘာတွေညာတွေပေါ့ သူတို့လုပ်အားနဲ့ တူးရမယ် တူးတဲ့လူကပဲ လက်မှတ်ထိုးတဲ့လူရဲ့ကျောက်ကိုပဲ၀ယ်မယ်ပေါ့ အဲဒါနဲ့တူပါတယ် ဆိုတော့ မသိနားမလည်တဲ့သူ အဲလိုငွေရမလားဆိုတဲ့သူတွေ လက်မှတ်ထိုးကြတယ် တချို့ကတော့ မထိုးချင်ဘူး” ဟု ဦးဒိုခန့်မုံကပြောသည်။

ယခုကဲ့သို့ ဒေသခံပြည်သူများ၏ သဘောထားလက်မှတ်ကိုကောက်ခံသည့် ကုမ္ပဏီမှာ 3S ဟုသိရပြီး ဖားတောင်ခြေရင်းတွင်တည်ရှိသည့် ကျေးရွာများဖြစ်သော မြစိမ်း၊ မြလင်းနှင့် ရှုခင်းသာကျေးရွာများတွင် ကောက်ခံနေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

၎င်းကုမ္ပဏီမှ သဘောထားကောက်ခံသည့်အပေါ် ဒေသခံပြည်သူများမှ စိတ်ပူပန်နေကြပြီး ဒေသခံအများစုမှာမူ လက်မှတ်မထိုးကြကြောင်း မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဒိုခန့်မုံကပြောသည်။

“ဒေသခံတစ်ချို့ကစိတ်ပူတယ် လက်မှတ်ထိုးတဲ့လူတစ်ချို့ရှိတယ် မထိုးတဲ့လူကပိုများတယ် စိုးရမ်တယ်ဆိုတာက အရင်က ၂၀၁၃ မြွေတောင်ဖားတောင်တုန်းက ပြသာနာအကြီးအကျယ်ပေါ်တော့ ကျနော်တို့ ကြိုတင်မသိထားနိုင်တဲ့ ပြသာနာတစ်ခုခုပေါ်မှာဖြစ်လာမလားလို့ပဲ အဲလိုပဲစိတ်ပူတာ” ဟု ဦးဒိုခန့်မုံကပြောသည်။

ခရိုမိုက်ကျောက်နှင့် အိမ်အလှဆင်ကျောက်များတူးဖော်ရန်အတွက် ယခုလက်ရှိ သဘောထားကောက်ခံနေသည့် ကုမ္ပဏီက စက်ယန္တားများအသုံးမပြုဘဲ လူအင်အားဖြင့် တူးမည်ဖြစ်သည်ဟု ဒေသခံများထံပြောဆိုကြောင်း ၎င်းကဆက်ပြောသည်။

3S ကုမ္ပဏီသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်တုန်းကလည်း အဆိုပါ မြွေတောင် ဖားတောင်ဒေသတွင် ကျောက်များတူးဖော်ရန်လုပ်ဆောင်ခဲ့သော်လည်း ဒေသခံပြည်သူများက ကန့်ကွက်ခဲ့ကြသည့်အတွက် စီမံကိန်းရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။

ဖားတောင်သည် အနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် ကျေးရွာပြည်သူများပြောဆိုချက်နှင့် သမိုင်းမှတ်တမ်းအရ ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းတည်ရှိပြီး ဘိုးဘွားစဉ်ဘောင်ဆက်ကတည်းက Tobem ဟုခေါ်ဆိုကြကြောင်းသိရသည်။ ယင်းတောင်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြေပုံများအရ စစ်ကိုင်းတိုင်းထဲတွင်ထည့်သွင်းခံရသည့်အတွက် အငြင်းပွားမှုများဖြစ်ခဲ့ဖူးသည်ဟု သိရသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...