ခြေဥပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ်များ ဝင်ရောက်မဆွေးနွေးတော့သည့်အတွက် အချိန်ကုန်သက်သာဟု ဒီချုပ်အမတ်ပြော

ခြေဥပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ်များ ဝင်ရောက်မဆွေးနွေးတော့သည့်အတွက် အချိန်ကုန်သက်သာဟု ဒီချုပ်အမတ်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအချက်များကို ပြည်ထောင်စုလွှတ်တေ်ာတွင် တပ်မတော်သား ကိုယ်စား လှယ်များက ဝင်ရောက်ဆွေးနွေးခြင်းမရှိတော့သည့်အတွက် အချိန်ကုန်သက်သာသွားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ကပြောသည်။

“အချိန်ကုန်သက်သာသွားတာပေါ့။ နောက်ပြီးတော့ အကြိတ်အနယ်တွေဖြစ်စရာတွေ အခုခံ တွေဖြစ်စရာတွေ မရှိဘူးဆိုတော့ လုပ်ငန်းစဉ်လေးတစ်ခုကတော့ ဒီအဆင့်တစ်ဆင့်မှာတော့ ချောချောမွေ့မွေ့နဲ့ အချိန်တိုတိုနဲ့ ပြီးသွားနိုင်တာပေါ့”ဟု ဦးအောင်ကြည်ညွန့် က ဆုသည်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ မူလအတိုင်းထားရှိရန် ဆိုပြီး အချက်ပေါင်း ၃ရဝဝကျော်ပါဝင်ထားပြီး အဆိုပါအချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၂၅ဦးက ဆွေးနွေးရန် ကနဦး စာရင်းပေးထားသည်။ အဆိုပါ ၁၂၅ဦး၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈ရဦးပါဝင်ခဲ့ပြီး ဇူလိုင်လ ၂၉ရက်နေ့တွင် တပ်မတော်မှ ဆွေးနွေးမည့် စာရင်းကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...