ရေနံချောင်း၊ မြေနုကျွန်းပဋိပက္ခဖြစ်စဉ်အတွက် လူလေးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထား

ရေနံချောင်း၊ မြေနုကျွန်းပဋိပက္ခဖြစ်စဉ်အတွက် လူလေးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထား

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း မြေနုကျွန်းပဋိပက္ခအတွက် လူ လေးဦးကို ဇူလိုင် ၃၀ ရက် နေ့ ညနေပိုင်းက ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း သိရသည်။

“ ဖမ်းဆီးထိန်းသိမ်းထားတာ ရှိပါတယ်။ မနေ့ကတော့ ကျမ်းကိုင်ကျွန်းဘက်ကတော့ သုံးယောက်ပေါ့နော်။ ဦးသန်းဦးအပါ သုံးဦး ထိန်းသိမ်းတာ ရှိတယ်။ ဒါ့အပြင် နောက်ထပ် ဖရဲကျွန်းဘက်က ဦးသန်းဦးပဲပေါ့နော်။ ထိန်းသိမ်းတာ ရှိတယ်။ စုစုပေါင်း လေးဦင်္းပေါ့နော်။ မနေ့က ညနေကပါ” ဟု ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော့ က ပြောသည်။

ကံသာကျေးရွာမှ ဦးမောင်ဝင်း၊ ဦးဝင်းဦး၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသန်းဦးနှင့် ဖရဲကျွန်းကျေးရွာမှ ဦးသန်းဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုရှိ ကံသာကျေးရွာနှင့်မာန်မြေကျေးရွာ အုပ်စုရှိ ဖရဲကျွန်းကျေးရွာတို့မှ ရွာသားများအကြား ဖြစ်ပွားခဲ့သော မြေနုကျွန်းနယ်မြေ အငြင်းပွားမှုအတွက် အပြန်အလှန် အမှုဖွင့်ထားခဲ့ကြပြီး နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းလည်း ဖြစ်သည်။

ဇူလိုင်၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် နှစ်ဘက်ရွာသားများအကြား လူအုပ်စုဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူသေဆုံးဈ ပျောက်ဆုံးခဲ့မှုများဖြစ်ခဲ့သောကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးတွင် အပြန်အလှန် အမှုဖွင့်ထားခြင်း ဖြစ်သည်။

 “ဆက်လက်ဆောင်ရွက်တဲ့ အပိုင်းကတော့ လောလောဆယ် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးဆဲ ပေါ့နော်။  အလုပ်သမားရေးရာစုံစမ်းစစ်ဆေးရေးဝန်ကြီးဦးဆောင်တဲ့ အဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒါက နောက်ဆုံးအနေအထားပါ ”ဟု ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော့ က ပြောသည်။

ယင်းဖြစ်စဉ်တွင် ကံသာကျေးရွာဘက်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဖရဲကျွန်းကျေးရွာမှ ၂၆ ဦး သေဆုံးကာ၊ ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင်လ ၂၉ရက်နေ့တွင် ရရှိသော သတင်းအချက်အလက်များအရ သိရသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...