မြောက်ဦးဒေသ ယူနက်စကိုစာရင်း ဝင်ရေး တင်ပြတော့မည်

မြောက်ဦးဒေသ ယူနက်စကိုစာရင်း ဝင်ရေး တင်ပြတော့မည်

မြောက်ဦးဒေသ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် (ယူနက်စကို) ဝင်နိုင်ရန် အစီရင်ခံစာမူကြမ်းကို လာမည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာတွင် တင်သွင်းသွားရန် ရှိနေသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ပုဂံညောင်ဦးမြို့နယ်အသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းသတ်မှတ်ခြင်းခံရသည့်အပေါ် ဂုဏ်ပြုပွဲတွင် ဇူလိုင် ၂၈ ရက်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အင်းလေးဒေသ၊ ခါရာဘိုရာဇီတောင်၊ အင်းတော်ကြီးနှင့် ရွှေတိဂုံဘုရားတို့ကိုလည်း ကမ္ဘာ့အမွေအနှစ် ဝင်ရေး ကြိုးစားသွားရန် ရှိနေသည်ဟုလည်း ဝန်ကြီးကပြောကြားခဲ့သည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ယူနက်စကိုမှ ယနေ့ ဇူလိုင် ၆ ရက်က ကြေညာခဲ့ပြီးနောက် မြန်မာအနေဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဒုတိယအကြိမ် အသိအမှတ်ပြုခံရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေးတွင် ပျူမြို့ဟောင်း ၃ မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးရှေးဟောင်းဒေသ အပါအဝင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံရှိ ပြဒါးလင်းဂူတို့ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် ကြိုးစားကြရန် မကြာသေးခင်ကမှ တိုက်တွန်းထားသည်။

သို့ရာတွင် မြောက်ဦးဘုရားပုထိုးများရှိရာ ဒေသတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲများ ဖြစ်ပွားနေရာ ဘုရားပုထိုးများ ထိခိုက်မည်ကို လူအများအပြားက စိုးရိမ်နေကြသည်။

April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...