ကလေးချင်း ကျူးလွန်သော သက်ငယ်အဓမ္မမှု မကွေးတွင် ဖြစ်ပွား

ကလေးချင်း ကျူးလွန်သော သက်ငယ်အဓမ္မမှု မကွေးတွင် ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုတွင် ၁၁ နှစ်အရွယ်မှ အသက် ၄ နှစ်ခန့်ရှိသူ မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိန်းကလေးငယ်အား မေးမြန်းရာ ခရေပန်းကောက်ရန်ဟုပြောဆိုခေါ်ဆောင်၍ ယင်းကဲ့သို့ ပြုကျင့်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ရဲထုတ်ပြန်ချက်အရ သိရသည်။

“ လတ်တလောအနေနဲ့ တရားလို၊ သက်သေနဲ့ အခင်းဖြစ်နေရာတွေကို သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ကျုးလွန်ခံရသူ သမီးငယ်ကိုလည်း ရဲဆေးစာ၊ မိသားစုခွင့်ပြုချက်စာနဲ့အတူ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးကိုဆေးစစ်ထင်မြင်ချက်ပေးနိုင်ဖို့ ပို့ဆောင်ထားရှိခဲ့ပါတယ်။ သမီးငယ်လေးရဲ့ အကျႌ၊ စကတ်၊ မွေးစာရင်းမိတ္တူ(၁)စောင်ကို သက်သေများရဲ့ရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားပြီးဖြစ်ပါတယ်” ဟု မကွေးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ၁၁ နှစ်အရွယ် ယောကျ်ားလေးကို ဆေးစစ်ချက် ထင်မြင်ချက်ပေးရန် တိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး အသက်မပြည့်သေးသည့်အတွက် မိဘအုပ်ထိန်းသူထံ ခံဝန်ပေးထားကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၁၁ နှစ်အရွယ် ယောကျ်ားလေးဖြစ်သူကို မကွေးနယ်မြေရဲစခန်းမှ (ပ) ၅၃၅/၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...