မြိတ်တွင် ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေးအတွက် လူ ၁၀၀၀ ကျော် လမ်းလျှောက်ဆန္ဒပြ

မြိတ်တွင် ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေးအတွက် လူ ၁၀၀၀ ကျော် လမ်းလျှောက်ဆန္ဒပြ

မြိတ်မြို့ရှိ မြစ်ငယ်ရပ်ကွက်တွင် ကျောင်းသား၊ကျောင်းသူများနှင့် မြို့ခံ ပြည်သူများပါဝင်သော လူ ၁၀၀၀ ကျော်က ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှရေးအတွက် လမ်းလျှောက် ချီတက် ဆန္ဒ ဖော်ထုတ်ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင်“တရားဥပဒေ စိုးမိုးရေး ” “ကလေးသူငယ် ဘဝ လုံခြုံမှု ရရှိစေရေး " “နောက်ထပ် VICTORIA အလို မရှိ ” စသည့် အချက် ၃ ချက်ပါ ပို့စတာများကို ကိုင်ဆောင်၍ အော်ဟစ် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

 “သက်ငယ် မုဒိမ်းမှုတွေက မြိတ်မှာလည်း မဟုတ်ပါဘူး။ နေရာ အတော်များများမှာ ဖြစ်နေတာကို တွေ့ရ ပါတယ်။ နောက်ပြီး အခုဖြစ်တဲ့ အသက် ၃ နှစ် အရွယ် ဗစ်တိုးရီးယား အမှုကလဲ လူတိုင်းသိနေတဲ့ အမှုတစ်ခု ဖြစ်နေလို့ ဒီလိုမျိုး ထပ်ပြီး မဖြစ်စေဖို့ ကလေးငယ်တွေနဲ့ လူကြီး မိဘတွေကို သိစေချင်လို့ ဒီဆန္ဒပြပွဲကို ပြုလုပ်တာ ဖြစ်တယ်” ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဒေါ်ရှင်ဌေးက ပြောသည်။

လက်ရှိတွင် အဆိုပါ ဗစ်တိုးရီးယား အမှုအတွက် မြန်မာနိုင်ငံတဝှမ်းရှိ အခုမြို့ကြီး တချို့တွင် ပြည်သူလူထုက ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်နေပြီး ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ထားဝယ်မြို့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

“ကျွန်မတို့ ဒီလို ဆန္ဒပြနေတာက ပျော်လို့ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံမှာက တရားရေး မဏ္ဍိုင်က လုံးဝကို ခြစားနေပါတယ်။ တရားစီရင်ရေးကလည်း ကျိုးပေါက် နေပါတယ်။ ဒီအတွက်ကြောင့် ဆန္ဒထုတ်ဖော် တာပါ။ ဖြစ်နိုင်ရင် မုဒိမ်းမှု ကျူးလွန်သူကို သေဒဏ်ပေးဖို့ တောင်းဆို ချင်ပါတယ်”ဟု ဆန္ဒထုတ်ဖော်ပွဲ၌ ပါဝင်ခဲ့သော ကျောင်းဆရာမ ဒေါ်မိုးမိုးမြင့်က ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်တု အရှေ့မှ စတင်ချီတက်ခဲ့ပြီး ဗဟိုမီးသတ် လမ်းမကြီး၊ ထားဝယ်စုရပ်ကွက်၊ နာရီစင်လမ်း ၊ ဆိပ်ငယ်စျေးကြီး၊  မြိတ်ကမ်းနားလမ်း၊ ပုလဲရတနာ ခန်းမ အရှေ့အထိလမ်းလျှောက် ချီတက်ဆန္ဒပြခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...