AA ပြန်ကြားရေးတာဝန်ခံ၏ ယောက်ဖအပါအဝင် သုံးဦးကို မိုင်းကွဲမှုနှင့်ပတ်သက်၍ တပ်မတော်မှ ခေါ်ယူစစ်ဆေး

AA ပြန်ကြားရေးတာဝန်ခံ၏ ယောက်ဖအပါအဝင် သုံးဦးကို မိုင်းကွဲမှုနှင့်ပတ်သက်၍ တပ်မတော်မှ ခေါ်ယူစစ်ဆေး

ရက္ခိုင့်တပ် (AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ၏ ယောက်ဖအပါအဝင် လူသုံးဦးကို မိုင်းကွဲမှု သံသယဖြင့် တပ်မတော်မှ စစ်ဆေးနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့်မေလပိုင်းတွင် တပ်မတော်မှ ကားအစီး ၂၀ ပါသောယာဉ်တန်းသည် အမ်းမြို့နယ်အတွင်း ဖြတ်သန်းသွားစဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့့်ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းတို့ကို စစ်ဆေးနေခြင်း ဟုလည်း သိရသည်။

“အရင်တစ်ခေါက်တုန်းက မိုင်းကွဲခဲ့တာရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ် လို့တော့ ကျွန်တော် သိရတယ်ဗျ။ သံသယရှိလို့ခေါ်ယူပြီး မေးမြန်းတာလို့ ကျွန်တော် သိရပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။

AA ဘက်ကမူ ထိုသို့အရပ်သားများအား ဖမ်းဆီးခြင်းသည် ဥပဒေမဲ့လုပ်ရပ်တစ်ခုဟု တုန့်ပြန် ပြောဆိုသည်။ ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ဦးခိုင်သုခ၏ ယောက်ဖတော်စပ်သူ ဦးမောင်ဖြူသန်းနှင့် လူနှစ်ဦးကို ၎င်းတို့ နေထိုင်သည့် ဓာတ်တော်ရွာတွင် တပ်မတော်မှ လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထိန်းသိမ်းခံထားရသူ သုံးဦးကို အမ်းမြို့နယ်အတွင်း စစ်ဆေးနေခြင်းဖြစ်ပြီး ထိန်းသိမ်းထားသည့် နေရာ အတိအကျကိုမှု မသိရရှိရပေ။

လက်ရှိအချိန်တွင် စစ်ဆေးနေဆဲသာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်သည့်ဖြစ်စဉ်နှင့်ပတ်သက်မှု တွေ့ရှိပါကတရားစွဲဆိုသွားမည်ဖြစ်ကာ ပတ်သက်မှုမရှိပါက ပြန်လွှတ်ပေးမည်ဟုလည်း တပ်မတော်ဘက်မှ ပြောသည်။

April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...