ကယားပြည်နယ်တွင် တယ်လီနောဖုန်းလိုင်းများ ဇူလိုင်လတွင် တရားဝင်ဖွင့်လှစ်မည်

ကယားပြည်နယ်တွင် တယ်လီနောဖုန်းလိုင်းများ ဇူလိုင်လတွင် တရားဝင်ဖွင့်လှစ်မည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်တွင် တယ်လီနော ဖုန်းလိုင်းများအား စမ်းသပ်ထုတ်လွှင့်လျှက်ရှိရာမှ ဇူလိုင်လလယ်ခန့်တွင် အင်တာနက်လိုင်းများအပါအဝင် တရားဝင်ဖုန်းလိုင်းများကို ဖွင့်လှစ်ပေးသွားမည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။

၎င်းက “မြေအောက်ဖိုင်ဘာကြိုးတွေလည်းပြီးမယ်။ အင်တာနက် ဝန်ဆောင်မှုကို 3G ထိကောင်းကောင်း ပေးနိုင်မယ်လို့ မျှော် လင့်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

တယ်လီနောဖုန်းလိုင်းများကို မေလတွင် စတင်စမ်းသပ် ထုတ်လွှင့်နေခြင်းဖြစ်ပြီး မြေအောက် ဖိုင်ဘာကြိုးများ တာဝါတိုင်များ တချို့နေရာများတွင် မပြီးသေးသည့်အတွက်ကြောင့် လာမည့် ဇူလိုင်လအတွင်းမှသာ အင်တာနက်လိုင်းများပါ ဖုန်းလိုင်းများကို တရားဝင်ဖွင့်နိုင်မည်ဖြစ်သည်ဟု သိရသည်။

စမ်းသပ်ကာလတွင် တယ်လီနော တာဝါတိုင် ၁၂ ခု ဖြင့် စမ်းသပ်လျက်ရှိပြီး တရားဝင်ဖွင့်လှစ်ပြီးပါက တာဝါတိုင် ၂၂ ခုဖြင့် ထပ်မံတိုးမြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတယ်လီနော ဆင်းကဒ်များကို စျေးသက်သာစွာ ဝယ်ယူသုံးစွဲနေရသလို ယခင်သုံးစွဲနေသည့် MPT၊ MEC၊ WCDMA ဖုန်းများထက် ပိုမိုအဆင်ပြေလျှက် ရှိနေသည်ဟု တယ်လီနော သုံးစွဲနေသည့် လွိုင်ကော်မြို့မှ ကိုမြင့်ကျော်က ပြောသည်။

“ခုတယ်လီနောသုံးနေတာ အဆင်ပြေတယ်။ ဖုန်းခေါ်တော့လည်း ပိုက်ဆံပိုသက်သာတယ်လေ။ အင်တာနက်တော့ သုံးလို့မရသေးဘူး။ ကောင်းကောင်းလေး အဆင်ပြေပြေ ဖြစ်အောင်လုပ်ပေး နိုင်ရင်တော့ ကောင်းတာပေါ။့ ပြည်နယ်တွင်း လူတွေရော ဆင်းရဲသားတွေကအစ သုံးနိုင်ပြီလေ” ဟု ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

နိုင်ငံတကာခေါ်ဆိုမှုများ ရရှိလာနိုင်ရန်၊ အွန်လိုင်းများတွင် ဆော့ဝဲလ်သော်လည်းကောင်း၊ အသုံးဝင်သည့် (Application) အပလီကေးရှင်းများ လုပ်ဆောင်လာနိုင်ရန်၊ အင်တာနက်ပေါ်တွင် အလုပ်လုပ်ကိုင်လာနိုင်ရန်အတွက် လုပ်ဆောင်သွားမည် ဟု သိရသည်။

တယ်လီနောမှ အစိုးရနှင့် အချို့ကိစ္စများတွင် ချိတ်ဆက်လုပ်မှုများ ရှိသော်လည်း သုံးစွဲသူများအတွက် လုံခြံုမှု အပြည့်ဝရှိကြောင်း အစိုးရမှ ခေါ်ဆိုမှု မှတ်တမ်း ဆယ့်ငါးခု တောင်းဆိုထားပြီး တယ်လီနောမှ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ လူပျောက်မှု အချက်သုံးခုကိုသာ အသိပေးမည် ဖြစ်သည့်အတွက် သုံးစွဲသူများအတွက် လုံခြံုမှုကို အာမခံကြောင်း အမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။

ကျန်းမာရေးဆိုင်ရာ အချက်လတ်များ အကြံညဏ်များ၊ ကိုယ်ဝန်ဆောင်များအတွက် SMS အခြေပြု ဖြေကြားခြင်းများ၊ မွေးဖွားပြီး ပထမအစပိုင်းအတွက် ကျန်းမာရေး အကြံပေးမှုများ၊ ရာသီဥတုဆိုင်ရာ ထုတ်ပြန်ချက် သတိပေးချက်များ၊ ငွေလွှဲရာတွင် SMS Pin နံပတ်ကို ရိုက်နှိပ်၍ ကုန်ကျမှု သက်သာစွာဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုများ၊ ကျောင်းနေအရွယ် ကျောင်းမနေနိုင်ဘဲ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် လုပ်ကိုင်နေကြသော ပညာမသင်ကြားနိုင်သည့် ကလေးများအတွက် ပညာသင်ကြားနိုင်ရေးများ စသည့် ဝန်ဆောင်မှုများလည်း ပြုလုပ်ပေး သွားရန် ရှိကြောင်း သိရသည်။

တယ်လီနောမြန်မာအနေဖြင့် ဝေးလံခေါင်ဖျားသောနေရာများ၊ လူဦးရေနည်းသည့် ဒေသများဘက်တွင် ၂၀၁၆ - ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ဆက်လက် ဆောင်သွားမည်ဟု သိရသည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...