(၄၃)နှစ်ပြည့် ကျောင်းသားခေါင်းဆောင်အာဇာနည်ဆလိုင်းတင်မောင်ဦးအမှတ်တရနေ့ နိုင်ငံတဝန်းတွင်ကျင်းပ

(၄၃)နှစ်ပြည့် ကျောင်းသားခေါင်းဆောင်အာဇာနည်ဆလိုင်းတင်မောင်ဦးအမှတ်တရနေ့ နိုင်ငံတဝန်းတွင်ကျင်းပ

ဆလိုင်းတင်မောင်ဦး၏ (၄၃)နှစ်ပြည့် အမှတ်တရနေ့အခမ်းအနားများကို မြန်မာနိုင်ငံတဝန်းတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

၁၉၇၄ ဦးသန့်အရေးအခင်း၊၁၉၇၅ဇွန်လအလုပ်သမားအရေးအခင်း၊၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့ုကိုဦးဆောင်ခဲ့သောကြောင့် ၁၉၇၆ ဇွန်လ ၂၆ရက်နေ့တွင် ကြိုးပေးကွက်မျက်ခံခဲ့ရသည့် ဆလိုင်းတင်မောင်ဦး၏ ၄၃နှစ်ပြည့်အခမ်းအနားကို မြန်မာနိုင်ငံတဝန်းတွင် စာပေဟောပြောပွဲပြုလုပ်ခြင်း၊ အထ္တုပတ္တိများဖြန့်ဝေခြင်း၊ စကားရည်လုပွဲများကျင်းပခြင်း၊ အောင့်မေ့ဘွယ်အခမ်းအနားများပြုလုပ်ခြင်းများ ကျင်းပခဲ့ကြကြောင်းသိရသည်။

ရန်ကုန်မြို့တွင် ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ဆလိုင်းတင်မောင်ဦး အမှတ်တရ စာပေဟောပြောပွဲ အခမန်းအနားကို ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားပွဲစီစဉ်သူထဲတွင် ပါဝင်သူ ဆလိုင်းမောဆတ်စ်မှ"သူက ချင်းတစ်ခုတည်းအတွက်လုပ်ခဲ့တာမဟုတ်ဘူး၊ ကျောင်းသားထုကြီးကိုဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးအတွက်လုပ်ခဲ့ပြီးတော့ အသေခံခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့လေးစားတယ်"ဟုပြောသည်။

ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် ဆလိုင်းတင်မောင်ဦး အမှတ်တရစာပေဟောပြောပွဲတွင် ဆလိုင်တင်မောင်ဦးအကြောင်း မှတ်တမ်းဗီဒီယိုပြသခြင်း၊ ဆလိုင်းတင်မောင်ဦး၏ညီ ဆလိုင်းမြတင်မှ ဆလိုင်းတင်မောင်ဦးအကြောင်းပြောကြားခြင်း၊ ဆလိုင်းအိုက်ဇက်ခင်မှ အားပေးစကားပြောကြားခြင်း၊ ၁၉၈၁-၁၉၈၂ ခုနှစ်များတွင် ခ.စ.ယ အတွင်းရေးမှူးအ ဖြစ် တာဝန်ထမ်းရွက်ခဲ့သူ ဆလိုင်းခိုင်ဒိုးပေါင်မှ ဆလိုင်းတင်မောင်ဦး၏ အထ္တုပတ္တိစာအုပ်ထဲတွင်မပါသည့် အကြောင်းများပြောကြားခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမတ် ဆလိုင်းရှဲန်အောရ်ဗန်နှင်းမှ ချင်းလူမျိုးအကြောင်းများ ပြောကြားခြင်း စသည့်အစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ကြကြောင်းသိရသည်။

ကလေးမြို့ ချင်းကျောင်းသားသမဂ္ဂဥက္ကဌ Salai Shwe Lan မှ "ဆလိုင်းတင်မောင်ဦးက အမှန်အကန် သတ္တိရှိခဲ့တဲ့ ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ နောင်လာနောင်သား မျိုးဆက်သစ်တွေသိစေချင်လို့ ကျနော်တို့ ဒီလှုပ်ရှားမှုတွေလုပ်တာပါ"ဟု ပြောသည်။

ဆလိုင်းတင်မောင်ဦး ၄၃နှစ်ပြည့် အမှတ်တရအနေဖြင့် ကလေးမြို့တွင် မနက်ပိုင်းတွင် အထ္ထုပတ္တိစာအုပ်များဖြန့်ဝေခြင်း၊ ညပိုင်းတွင် အမှတ်တရအခမ်းအနားများပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းတင်မောင်ဦး ၄၃နှစ်ပြည့် အမှတ်တရအနေဖြင့် ဟားခါးကောလိပ်တွင် စကားရည်လုပွဲ၊ ဆလိုင်တင်မောင်ဦးအကြောင်း ဟောပြောခြင်း များကို ကျင်းပခဲ့ပြီး အလားတူ စစ်တွေမြို့နှင့် ပခုက္ကူမြို့တို့တွင်လည်း ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်ရာအထိမ်းအမှတ်အခမ်းအနားများကျင်းပခဲ့ကြကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...