ပလက်ဝမြို့ပေါ်သို့ ခိုလှုံခဲ့သည့် စစ်ဘေးရှောင်အများစု နေရပ်ပြန်

ပလက်ဝမြို့ပေါ်သို့ ခိုလှုံခဲ့သည့် စစ်ဘေးရှောင်အများစု နေရပ်ပြန်

ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်အများစုမှာ နေရပ်ကျေးရွာများသို့ ပြန်သွားကြပြီဖြစ်ကြောင်း ပလက်ဝစစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းကပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ ကျေးရွာပေါင်း(၅)ရွာမှ စစ်ဘေးရှောင်သူ အိမ်ထောင်စု ၁၅၈ စု လူဦးရေ ၇၈၇ဦးရှိခဲ့သည်။ လက်ရှိအချိန်တွင် ကျေးရွာပေါင်း(၃)ရွာမှ စစ်ဘေးရှောင် ပြည်သူများနေရပ်ပြန်နိုင်ကြပြီဖြစ်သည်။

ယနေ့တွင်လည်း သဲမချောင်းရွာမှစစ်ဘေးရှောင်များလည်း မိမိရွာနှင့်နီးသည့် ပိန္နဲတစ်ပင်ရွာသို့ ထပ်မံပြောင်းရွှေ့မည်ဖြစ်ကာ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် ၁၁၂ ဦးသာကျန်ရှိတော့မည်ဖြစ်ကြောင်း ဦးဝေတန်းကပြောသည်။

ပလက်ဝစစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းက “တချို့က ကိုယ့်ကျေးရွာဒေသကို ပြန်ကြပြီ လူဦးရေသုံးပုံမှာ နှစ်ပုံက ကိုယ့်ကျေးရွာဒေသတွေကို ပြန်သွားကြပြီ ။ သဲမချောင်းရွာကလူတွေလည်း ဒီနေ့ပြန်ဖို့ ပြင်ဆင်နေကြတယ်။ သဲမချောင်းရွာသားတွေက သူတို့ရွာနဲ့နီးတဲ့ ပိန္နဲတစ်ပင်ရွာကို ပြောင်းရွှေ့နေထိုင်ကြတော့မှာဖြစ်တယ်။ ဒီနေ့ပြောင်းရွှေ့ကြမယ့် သဲမချောင်းရွာက အိမ်ထောင်စု ၁၄စုဖြစ်ပြီး လူဦးရေ ၆၁တစ်ဦးပြောင်းရွှေ့ကြမှာဖြစ်တယ်။ အခုမြို့ပေါ်မှာ အိမ်ထောင်စု၂၅အိမ်ထောင်စုဘဲ ကျန်တော့တယ် ပြန်ကုန်ကြပြီ”ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွားဖြစ်ပွားမှုကြောင့် ကျေးရွာနေပြည်သူများ ရွာကိုစွန့်ကာ ပလက်ဝမြို့ပေါ်အထိ တိမ်းရှောင်ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...