ပျက်စီးသွားသည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် လျော်ကြေးငွေပြန်လည်ရရှိပြီဖြစ်

ပျက်စီးသွားသည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် လျော်ကြေးငွေပြန်လည်ရရှိပြီဖြစ်



==============

June 19

Chin World

ရက္ခိုင့်တပ်မတော်AA၏ ဖျက်စီးမှုခံရသည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် IKBZအာမခံကုမ္ပဏီမှ လျော်ကြေးငွေကို အစိုးရထံသို့ ဇွန်လ (၁၈)ရက်နေ့က ပေးလျော်လိုက်ပြီ ဖြစ်ကြောင်းသိရှိရသည်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “သင်္ဘောကနေပြီးတော့ သယ်ယူစရိတ်တွေမှာ IKBZမှာ အာမခံထားတယ်လို့ သိရတယ်။ အခုသူတို့ အာမခံလျော်ကြေးရတယ်လို့လည်း သိရတယ်။ အခုလျော်ကြေးရပြီဆိုတော့ သံဘောင်ဝယ်ပြီးတော့ ပလက်ဝကိုပို့ရင်တော့ မြန်မြန်ဆင်လို့ရပြီပေါ့။ မီးလောင်ပြီးပျက်စီးသွားတဲ့ သံဘောင်ရဲ့တန်ဖိုးက ၁ဘီလျံကျော် ရှိတယ်။ အခုကုလားတန်မြစ်ကူးတံတား ပြီးစီးမှုက ၅၈ရာခိုင်နှုန်းပြီးပြီ”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်AA၏ မီးရှို့ခြင်းကြောင့် ပျက်စီးသွားသော သံဘောင်များကို အာမခံထားသည့် ကုမ္ပဏီမှ တန်းဖိုးအရ ဆုံးရှုံးမှုတန်ဖိုးများကို တွက်ချက်ခြင်း၊ ထုတ်ကုန်တန်ဖိုး ဆယ်ယူတန်ဖိုးများကိုတွက်ချက်ခဲ့ ပြီးနောက် ကျပ် ၄၉၁သန်း ကုန်ကျမည်ဖြစ်ခြင်းကြောင့် အစိုးရထံသို့ (၁၈)ရက်နေ့က အာမခံကုမ္ပဏီမှ ကျပ် ၄၉၁သန်းကို ပေးလျော်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်က ရက္ခိုင့်တပ်မတော်မှ ပလက်မြို့နယ်တွင်း ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရန်အတွက် သယ်ဆောင်လာသည့် သံဘောင်များကို မီးရှို့ဖျက်စီးခဲ့ပြီး အဆိုပါသံဘောင်များ ပြန်လည်အသုံးပြုရမရကို ပညာရှင်များနှင့် စမ်းသပ်ရာတွင် အသုံးပြု၍မရ သောကြောင့် သံဘောင်အသစ်များပြန်လည် အစားထိုးရန် အာမခံထားသည့် ကုမ္ပဏီမှ ပျက်စီးသွားသည့် သံဘောင်များတန်ဖိုးကို ပေးလျော်ခဲ့ရသည်။

လက်ရှိကုလားတန်မြစ်ကူးတံတားမှာ ၅၈ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ကုလားတံမြစ်ကူးတံတားကို ၂၀၂၀ ဖေဖော်ဝါရီ(၂၀)ရက် ချင်းအမျိုုးသားနေ့တွင် ဖွင့်လှစ်နိုင်ရန် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...