ချင်းပြည်နယ်တွင် မိုးတွင်းကာလအတွင်း ကားကြီးသွားလာခွင့် ပိတ်ဆို့ထားခြင်းကြောင့် ကားသမားများအခက်ခဲကြုံတွေ့နေရ

ချင်းပြည်နယ်တွင် မိုးတွင်းကာလအတွင်း ကားကြီးသွားလာခွင့် ပိတ်ဆို့ထားခြင်းကြောင့် ကားသမားများအခက်ခဲကြုံတွေ့နေရ

ချင်းပြည်နယ်တွင် မိုးကာလအတွင်း ၁၆တန်နှင့်အထက် ကုန်ပစ္စည်းများတင်ဆောင်သော ကားအကြီးများသွားလာခွင့်ကို ဇွန်လ(၆)ရက်နေ့မှ စပိတ်ထားသောကြောင့် ကားသမားများ အခက်ခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။

ပန်းချယ်ရီကားဂိတ်ပိုင်ရှင်ဦးမြင့်က “ကုန်တွေကြပ်သွားတယ်၊ အခုက တစ်စီးစာကို နှစ်စီးနဲ့သွားနေရတော့ ကုန်စည်စီးဆင်းမှုပိုင်းမှာ အားနည်းသွားတာပေါ့ နောက်ပြီးကုန်တွေမလည်ပက်နိုင်တော့ဘူး အရင်က အိတ်တစ်သောင်းသွားနိုင်ရင် အခုက တစ်ထောင် နှစ်ထောင်ဘဲသွားနိုင်တော့တယ်။ဆယ်ဘီး၊ ဆယ့်နှစ်ဘီးတို့မောင်းတဲ့ သူတွေလည်း အလုပ်လက်မဲ့ဖြစ်ကြရတယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင် မိုးတွင်းကာလအတွင်း ကားအကြီးများဖြစ်သော ဆယ်ဘီးကား၊ ဆယ့်နှစ်ဘီးကားများကို (၄)လအကြာပိတ်မည်ဖြစ်ကြောင်းသိရှိရသည်။ ကားအကြီးများ သွားလာခြင်းကို ပိတ်ဆို့ထားသောကြောင့် ကုန်ပစ္စည်း၏ တန်ဆာခဈေးတတ်ခြင်းနှင့် ကားသမားများ အလုပ်လက်မဲ့ဖြစ်ခြင်းတို့ ရင်ဆိုင်နေရကြောင်း ဆယ့်နှစ်ဘီးကားမောင်းသူ ဦးဖိုးချမ်းကပြောသည်။

ဆယ့်နှစ်ဘီးကားမောင်းသူ ဦးဖိုးချမ်းက “နွေရာသီမှာလည်း ကတ္တားမထားနဲ့ ကားနိုင်သလောက် ခွင့်ပြုလိုက် နွေရာသီမှာလည်း သူတို့သတ်မှတ်နှုန်းထားနဲ့ သွားပေးရဲ့သားနဲ့ အခုမိုးတွင်းပိတ်လိုက်တော့ ကျွန်တော်တို့ကားသမား တွေလည်း အလုပ်လက်မဲ့ဖြစ်တယ် မိသားစုစားဝတ်နေရေးအထိကိုပါ ထိခိုက်တယ် နောက်ပြီး ကားကြီးနဲ့ဆိုရင် ကုန်ပစ္စည်းများများတင်လို့ရတာနဲ့အမျှ တန်ဆာခလည်းမတက်ဘဲ ထိမ်းပြီးသွားနေလို့ ရတယ် အခုက တန်ဆာခလည်းတတ်မှ ရတော့မယ့်အခြေနေဖြစ်နေတယ်။”ဟုပြောသည်။

ချင်းပြည်နယ်တွင် နှစ်စဉ်မိုးတွင်းကာလအတွင်း ကားအကြီးသွားလာခွင့်ကို ပိတ်ဆို့လာသည်မှာ ၄ နှစ်ပြည့်ပြီဖြစ်ကြောင်းကိုလည်း ပန်းချယ်ရီဂိတ်မှူး ဦးဖိုးချမ်းထံမှ သိရသည်။။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...